အာဏာရ ANC ပါတီရဲ့နှုတ်ထွက်ဖို့ တွန်းအားပေးခံနေရတဲ့ တောင်အာဖရိက သမ္မတဂျက်ကော့ဘ်ဇူးမားဟာ ဖေဖော်ဝါရီလ(၁၄)ရက်မှာ သမ္မတအဖြစ်ကနေနှုတ်ထွက်လိုက်ပြီဖြစ် ပါတယ်။ အကျင့်ပျက်ခြစားမှုတွေကျုးလွန်ခဲ့တယ်လို့စွပ်စွဲခံနေရပြီး အာဏာရတောင်အာဖရိကပါတီANC ကသမ္မတအဖြစ်ကနေ နှုတ် ထွက်ဖို့ တွန်းအားပေးခံနေရတဲ့ သမ္မတဂျက်ကော့ဘ် ဇူးမားဟာ ရာထူးကနေနှုတ်ထွက်လိုက်ပြီဖြစ်ပါတယ်။ သူဟာ ရုတ်တရက် နှုတ်ထွက်သွားတာဖြစ်ပြီး ANC ပါတီရဲ့ဆုံးဖြတ်ချက်ကိုတော့ သဘောမတူဘူးလို့ နိုင်ငံပိုင်ရုပ်သံကနေ မိန့်ခွန်းပြောစဉ်မှာ ပြောခဲ့ ပါတယ်။ ဇူးမားအနေနဲ့ ရာထူးကမနှုတ်ထွက်ရင် တောင်အာဖရိကလွှတ်တော်မှာ ရာထူးနဲ့မထိုက်တန်ကြောင်း မဲခွဲဆုံးဖြတ်မှာ ဖြစ်တယ်လို့ ANC ဘက်က အစောပိုင်းမှာပြောထားပါတယ်။

 

အသက်(၇၅)နှစ်ရှိပြီဖြစ်တဲ့ သမ္မတဇူးမားဟာ ANC ပါတီဥက္ကဋ္ဌသစ်နဲ့ နိုင်ငံရဲ့ဒုတိယသမ္မတ ဆီရေး ရာမာဖိုဆာကို ရာထူးလွှဲပြောင်းပေးရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ (၂၀၀၉)ခုနှစ်ကတည်းကသမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့သမ္မတဇူးမားဟာ အကျင့်ပျက်ခြစားမှုတွေကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ သမ္မတဇူးမားနဲ့ရင်းနှီးတဲ့ ဂတ်ပ်တာမိသားစုရဲ့ဂျိုဟန်နတ်စ်ဘာ့ဂ်ျမြို့ကနေအိမ်ကို ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပြီး ဒီဖြစ်ရပ်နဲ့ပါတီတွင်းသဘောထားကွဲလွဲမှုတွေဟာ ရာထူးကနေနှုတ်ထွက်ဖို့ သူ့ရဲ့ဆုံးဖြတ်ချက် ကို ပိုခိုင်မာစေခဲ့တယ်လို့ ဇူးမားကပြောပါတယ်။ နိုင်ငံအတွက်နဲ့ ANC ပါတီအတွက် ဆက်ပြီးအလုပ်အကျွေးပြုသွားမှာဖြစ်တယ်လို့ ဇူးမားက ရုပ်သံမိန့်ခွန်းမှာပြောခဲ့ပါတယ်။ 

 

 

 

Related News