အမေရိကန်ပြည်ထောင်စုစုံစမ်းရေးဗျူရို(FBI)ရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွင်း ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်အမေရိကန်ရွေးကောက်ပွဲမှာပါ ၀င်ပတ်သက်ခဲ့တယ်လို့ယူဆရတဲ့ ရုရှားနိုင်ငံသားတွေနဲ့ ရုရှားကုမ္ပဏီ(၃)ခုကို အမေရိကန်ဘက်က စွဲချက်တင်လိုက်ပြီဖြစ်ပါ တယ်။ စွပ်စွဲခံရသူ(၁၃)ဦးထဲက (၅)ဦးဟာ သတင်းမှားတွေဖြန့်ဝေဖို့ပူးပေါင်းကြံစည်ခဲ့တယ်လို့ယူဆရပြီး နောက်ထပ်(၅)ဦးက တော့ ကိုယ်ရေးအချက်အလက်တွေခိုးယူခဲ့တယ်လို့ယူဆရတယ်ဆိုပြီး FBI ဘက်က ပြောပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတွေပါဝင်ပတ်သက်မှုရှိမရှိစုံစမ်းနေတဲ့ အထူးအကြံပေးပုဂ်္ဂိုလ် ရောဘတ်မူလာက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါ တယ်။
 
စွပ်စွဲခံရတဲ့ကုမ္ပဏီ(၃)ခု အနက်(၁)ခုက ရုရှားနိုင်ငံ၊ စိန့်ပီတာစဘာ့ဂ်ျမြို့မှာအခြေစိုက်တဲ့ အင်တာနက် သုတေသနအေဂျင်စီ (၁)ခုဖြစ်ပြီး(၂၀၁၆)အမေရိကန်ရွေးကောက်ပွဲအပါအ၀င် အမေရိကန်နိုင်ငံရေးစနစ်မှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာစေဖို့ ကုမ္ပဏီကရည်ရွယ်နေတယ်ဆိုပြီးစွဲချက်မှာ ပါဝင်နေပါတယ်။ သောကြာနေ့အစောပိုင်းမှာ စွဲချက်ကို အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က အကြမ်းဖျင်းကြည့်ခဲ့တယ် ဆိုပြီးအိမ်ဖြူတော်က ပြောပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလမှာ အမှားအယွင်း တစ်စုံတစ်ရာလုပ်ခဲ့တာမျိုးမရှိသလို ရုရှားနဲ့လျှို့ဝှက်ပူးပေါင်းကြံစည်တာမျိုးတွေမရှိဘူးလို့ သမ္မတထရမ့်က တွစ်တာမှာရေးခဲ့ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်အပါအ၀င် ရုရှားထိပ်တန်းခေါင်းဆောင် တွေကတော့ အမေရိကန်ရွေးကောက်ပွဲမှာ ၀င်ရောက်စွက်ဖက်ခဲ့တာမျိုးတွေမရှိဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆိုထားပါတယ်။  
 
 
 

Related News