မြောက်ကိုရီးယားနိုင်ငံရဲ့ နှစ်လိုဖွယ်သံတမန်ဆက်ဆံရေးပုံစံကြောင့် နိုင်ငံတကာအသိုက်အ၀န်းအနေနဲ့ မျက်ကွယ်ဖြစ်သွားမှာကို ဂရုပြုသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတာရိုကိုနိုကပြောပါတယ်။ ဖေဖော်ဝါရီလ
(၁၆)ရက်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ ကိုနိုကပြောခဲ့တာဖြစ်ပါတယ်။ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ထားမှသာ အမေရိ ကန်တပ်ဖွဲ့တွေကို ဒေသတွင်းတပ်နေရာချထားတာကနေတာကနေ ဖယ်ထုတ်နိုင်ဖို့နဲ့ ကိုရီးယား(၂)နိုင်ငံပြန်လည်ပေါင်းစည်းနိုင်ဖို့ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ မြောက်ကိုရီးယားဘက်က ယူဆနေတယ်ဆိုပြီး တာရိုကိုနိုကပြောပါတယ်။ 
 
နျူကလီးယားလက် နက်တွေတပ်ဆင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံကို လက်မခံကြဖို့၊ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ဖိအားတွေ ထပ်ပေးသွားဖို့နဲ့ ပိတ်ဆို့မှုတွေကိုကျော်လွှားဖို့ ကြိုးစားနေတာကိုခွင့်မပြုဖို့ တခြားနိုင်ငံတွေကို တာရိုကိုနိုကတိုက်တွန်းခဲ့ပါတယ်။ အရှေ့နဲ့တောင်တရုတ်ပင်လယ်တို့မှာ တရုတ်နိုင်ငံက ပင်လယ်ရေကြောင်းဆိုင်ရာစစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ဒေသတွင်းပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နယ်မြေတွေမှာ တစ်ဖက်သတ်အပြောင်းအလဲတွေလုပ်နေတာကို ခွင့်ပြုသွား မှာမဟုတ်ဘူးလို့ တာရိုကိုနိုကပြောခဲ့ပါတယ်။  
 
 
 

Related News