ကိုဆိုဗိုနိုင်ငံမှာ စစ်တပ်ရှိနိုင်ရေးအမြန်ဆုံးကြိုးပမ်းသွားမှာဖြစ်ပြီး ကိုဆိုဗိုဟာ ဥရောပသမဂ္ဂ(E.U)နဲ့ မြောက်အတ္တလန်္တိတ်စစ်ရေး ဆိုင်ရာပူးပေါင်းစာချုပ်(NATO)တို့ရဲ့ အဖွဲ့ဝင်ဖြစ်လာသင့် တယ်လို့ ကိုဆိုဗိုနိုင်ငံရဲ့သမ္မတဖြစ်တဲ့ဟာရှင် ဆာဆီကပြောပါတယ်။ ဖေဖော်ဝါရီလ(၁၈)ရက်က ကျင်းပတဲ့ ကိုဆိုဗိုနိုင်ငံတည်ထောင်နိုင်ခြင်း (၁၀)နှစ်ပြည့်အခမ်းအနားမှာ ပြောခဲ့တာပါ။ ကိုဆိုဗိုမြို့တော် ပရစ်စ်တီနာမှာကျင်းပတဲ့ အခမ်းအနားမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ချီတက် သရုပ်ပြမှုတွေ ပါဝင်ခဲ့ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းမှာတော့ ကိုဆိုဗိုလွှတ်တော်က နိုင်ငံထူထောင်ခြင်း (၁၀)နှစ်ပြည့် အထူးအထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အီဒီရာမာလည်း တက်ရောက်ခဲ့ပါတယ်။ နေတိုးတပ်ဖွဲ့ဝင် တွေက ဆားဘီးယားနိုင်ငံကို (၁၉၉၉)ခုနှစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အယ်ဘေးနီးယား လူမျိုးတွေကို ဆားဘီးယားတွေက ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တဲ့(၁၀)နှစ်အကြာ (၂၀၁၈)ခုနှစ်မှာ ကိုဆိုဗိုဟာ ဆားဘီးယားကနေ ခွဲထွက်ခဲ့တာဖြစ်ပါတယ်။

ကိုဆိုဗိုကို နိုင်ငံ(၁)နိုင်ငံအနေနဲ့ နိုင်ငံပေါင်း (၁၁၀)နိုင်ငံကျော်ကသတ်မှတ်ထားပေမဲ့ ဆားဘီးယားနိုင်ငံရဲ့မိတ်ဖက်တွေဖြစ်တဲ့ ရုရှားနဲ့တရုတ်နိုင်ငံတို့က ကန့်ကွက်ထားတာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်း မရှိသေးပါဘူး။ ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာရေးအတွက် ဆားဘီးယားနိုင်ငံနဲ့ သဘော တူညီမှုပြုလုပ်ရမှာဖြစ်ပြီး အဲဒီသဘောတူညီမှုရနိုင်ရေးအတွက် (၂)ဖက်အပေးအယူတွေလုပ်သွား ရမှာဖြစ်တယ်လို့ ဆားဘီးယား သမ္မတအလက်ဇန်းဒါး ဗူစစ်ကပြောပါတယ်။ ဆားဘီးယား ဘက်ကတော့ ကိုဆိုဗိုဟာ ဆားဘီးယားနိုင်ငံရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ယူဆနေတုန်း ဖြစ်ပါတယ်။ 

 

 

 

Related News