မိုဇမ်ဘစ်နိုင်ငံမြို့တော် မာပူတိုမှာ ဖေဖော်ဝါရီလ(၂၀)ရက်က အမှိုက်ပုံပြိုကျခဲ့တာကြောင့် ကလေးငယ်(၅)ဦးအပါအ၀င်အနည်း ဆုံးလူ(၁၇)ဦးသေဆုံးခဲ့တယ်လို့ မာပူတိုမြို့စည်ပင်သာယာရေး ကောင်စီဥက္ကဋ္ဌဒေးဗစ် ဆီမန်ဂိုကအတည်ပြုပါတယ်။ ဖေဖော်ဝါရီ လ(၁၉)ရက်ညနေပိုင်းမှာ မိုးတွေရွာခဲ့ တာကြောင့် ပေ(၅၀)နီးပါးရှိတဲ့ အမှိုက်ပုံပြိုကျခဲ့တာဖြစ်ပြီး အခုဖြစ်ရပ်ကြောင့် ဒဏ်ရာရသူ (၅)ဦးရှိတယ်လို့လည်း ပြောပါတယ်။  ဒီဖြစ်ရပ်ကြောင့် အမှိုက်ပုံအစွန်မှာရှိနေတဲ့ အိမ်(၅)အိမ်လည်း ပြိုကျခဲ့ပြီး အသက်ရှင်ကျန် သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

အမှိုက်တွေအောက်မှာ သေဆုံးသူတွေထပ် ရှိနေနိုင်ပြီး ပြိုကျခဲ့တဲ့အိမ်တွေမှာ နေထိုင်တဲ့လူဦးရေထက် သေဆုံးခဲ့သူဦးရေနည်းနေတယ်လို့ မာပူတိုကယ်ဆယ်ရေးဌာနပြော ခွင့်ရှိသူကပြောပါတယ်။ အဲဒီအမှိုက်ပုံဟာ မြို့နေလူထုကြားမှာရှိတာဖြစ်ပြီး မြို့နေလူဆင်းရဲတချို့ဟာ အမှိုက်ပုံနားမှာယာယီတဲ ထိုးနေကြပါတယ်။ အဲဒီအမှိုက်ပုံကိုပိတ်ပစ်ဖို့ဆွေးနွေးနေတာ နှစ်ချီကြာနေပြီလို့ RTPရုပ်သံဌာနက သတင်းဖော်ပြပါတယ်။

မာပူတိုမြို့က ဟူလင်းန်ခရိုင်ဟာ  မြို့မှာအဆင်းရဲဆုံး လူတွေနေကြတဲ့ဒေသ(၁)ခုဖြစ်ပြီး အဲဒီအမှိုက်ပုံမှာ လူဆင်းရဲတွေအတွက် စားစရာအကြွင်း အကျန်တွေသာမက ရောင်းစရာပစ္စည်းတချို့ပါရလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

 

 

Related News