ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ အီရန်ကအက်စီမန်လေကြောင်းလိုင်းပိုင် (ATR) ခရီးသည် တင် လေယာဉ်ရဲ့အပျက်အစီးတွေကို ဖေဖော်ဝါရီလ(၂၀)ရက်ကပြန်တွေ့ပြီဖြစ်တယ်လို့ အီရန် တပ်ဖွဲ့တွေက ပြောတယ်ဆိုပြီး အီရန်အစိုးရပိုင်အီရစ်ဘ်သတင်းဌာန ကသတင်းဖော်ပြပါတယ်။ အဲဒီလေယာဉ်ပေါ်မှာပါလာတဲ့ ခရီးသည်တွေနဲ့လေယာဉ်အမှုထမ်းတွေ စုစုပေါင်း(၆၆)ဦးဟာလည်း လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့တယ်ဆိုပြီး အီရန်အစိုးရဘက်ကအတည်ပြုလိုက်ပါတယ်။

အီရန်နိုင်အနောက်တောင် ပိုင်းမှာရှိတဲ့ ဒီနာတောင်က လေယာဉ်ပျက်ကျခဲ့တဲ့နေရာကို အီရန်လေတပ် က တပ်သားတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ပို့ပေးနေ တယ်လို့ အီရန်လေတပ် တပ်မှူး ဗိုလ်ချုပ် ယူဆက်ဖ် ဂေါ်ဘာနီကပြောပါတယ်။ သေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေကို ပြန်သယ်ပေးဖို့ အဲဒီ ဒေသမှာ ရဟတ်ယာဉ်(၂)စီးရောက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ပျက်ကျခဲ့တဲ့ (ATR) လေယာဉ်ဟာ အီရန်နိုင်ငံမြို့တော်တဟီရန်ကနေ နိုင်ငံအနောက်တောင်ပိုင်းက ယာဆွတ်မြို့ ကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပြီး ပျံသန်းချိန် (၁)နာရီ လောက်အကြာ ယာဆွတ်မြို့ကို ရောက်ကာနီး (၁၄)မိုင်လောက်အကွာမှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ အဲဒီလေယာဉ် ပျက်ကျမှုဟာ အခုဖေဖော်ဝါရီလအတွင်း ဒုတိယမြောက်လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။ 

 

 

Related News