တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်မှာက ယာဂျန်းကောင်တီမှာ ဖေဖော်ဝါရီလ(၁၆)ရက်ကတည်းက စတင်လောင် ကျွမ်းနေတဲ့တောမီးကို ထိန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ ဒေသအာဏာပိုင်တွေက ဖေဖော်ဝါရီလ(၂၀)ရက်မှာ ပြောခဲ့ပါတယ်။ ယာဂျန်း ကောင်တီက ယာဂျန်းမြို့ရဲ့တောင်တွေရှိတဲ့နေရာမှာ မီးစလောင်ခဲ့တာဖြစ်ပြီး အမြင့်(၂၉၀၀)မီတာ လောက်ရှိတဲ့တောင်တွေနဲ့ အကျယ်ဟတ်တာ(၁၀၀)ကျော်ကို မီးလောင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်ရုပ်သံက သတင်းဖော်ပြပါတယ်။

မီးညွှန့်တွေကြောင့် မီးခိုးလုံးကြီးတွေ ဖြစ်ခဲ့တဲ့အတွက် မီးသတ်သမားတွေက လေမှုတ်သွင်းပြီးနောက်မှာမှ မီးငြိမ်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ(၂၀)ရက် ညပိုင်းမှာမီးငြိမ်းခဲ့တာဖြစ်တယ်လို့ ယာဂျန်းမီးသတ်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။ တောမီးလောင်ခဲ့တာကြောင့် ဒေသခံ အယောက်(၁၅၀၀)ကျော်လည်း မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့တယ်လို့သိရပါတယ်။ မီးလောင်မှုဖြစ်ဖြစ်ချင်းမှာတင် ဒေသခံတွေကို ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့ရပြီး တောမီးကြောင့် ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူးလို့ တရုတ်အာဏာပိုင်တွေက ပြောထားပါတယ်။

 

 

Related News