ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်က ဆီးရီးယားရှိဂို့တာ မြို့ အရှေ့ပိုင်းမှာတိုက်ခိုက်မှုရပ်ဖို့တောင်းဆိုလိုက်ပြီးခွဲထွက်ရေးသမားတွေနဲ့ ဆီးရီးယားအစိုးရကြား တိုက်ပွဲဖြစ်နေတဲ့နေရာတွေမှာ အခြေအနေဆိုးနေတယ်ဆိုပြီး ပြောပါတယ်။ ဂို့တာမြို့အရှေ့ပိုင်းက ဒေသခံတွေဟာ စောင့်မနေနိုင်တော့ဘူးလို့ ယူဆရတယ်ဆိုပြီးဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးမှာပြောပါတယ်။ ရုရှားအစိုးရအထောက်အပံ့ပေးထားတဲ့ ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂို့တာမြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံမြို့တော်ဒါမက်စ်ကပ်စ်နားမှာရှိတဲ့ ဂို့တာမြို့အရှေ့ပိုင်းဟာ ဆီးရီးယားခွဲထွက်ရေးသမားတွေ နောက်ဆုံးခြေကုတ်ယူထားတဲ့နေရာဖြစ်ပါတယ်။
 
အကြမ်းဖက်သမားတွေလို့ ဆီးရီးယားအစိုးရဘက်ကသတ်မှတ်ထားတဲ့ခွဲထွက်ရေးသမားတွေကို တိုက်ထုတ်နေတာဖြစ်တယ်လို့ ဆီးရီးယားအစိုးရ စစ်တပ်ဘက်ကပြောထားပေမဲ့ အဲဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေရှိနေတယ်လို့လည်း စွပ်စွဲမှုတွေရှိနေပါတယ်။ အပစ်အခတ်ရပ်ထားမယ်ဆိုရင် နေရပ်ရွေ့ပြောင်းနေသူတွေ သက်ဆိုင်ရာကို ပြန်နိုင်မှာဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလည်း အမြန်ဆုံးရောက်နိုင်မှာ ဖြစ်တယ်လို့ အန်ထော်ညော် ဂူတားစ်ကပြောပါတယ်။ရက်၃၀ကြာအပစ်အခတ်ရပ်စဲထားဖို့ ကူဝိတ်နဲ့ ဆွီဒင်နိုင်ငံတို့ ကဦးဆောင်ပြီး မူကြမ်းတစ်ခုတင်သွင်းထားပေမဲ့ အဲဒီဖြစ်ရပ်တွေကို လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ယူဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဆိုတဲ့ ရုရှားနိုင်ငံဘက်က ကန့်ကွက်ခဲ့တယ်ဆိုပြီး သိရပါတယ်။
 
 
 

Related News