ဆီးရီးယားအစိုးရရဲ့စစ်ဆင်ရေးတွေ တစ်နေ့ကို(၅)နာရီရပ်ဆိုင်းပြီး ဒေသခံတွေကို အထောက်အပံ့တွေပေးဖို့နဲ့ ဘေးလွတ်ရာရွှေ့ ပြောင်းနိုင်ဖို့ အကူအညီတွေပေးသွားမယ်ဆိုပြီး ရုရှားသမ္မတပူတင်က အမိန့်ထုတ်ပြန်ပါတယ်။ဆီးရီးယားခွဲထွက်ရေးသမားတွေထိန်းသိမ်းထားတဲ့ ဂို့တာအိုအေစစ်အရှေ့ပိုင်းမှာ ဆီးရီးယားအစိုးရရဲ့အကြမ်းဖက်နှိမ်နှင်းရေးစစ် ဆင်ရေးတွေကို (၁)နေ့ကို(၅)နာရီရပ်ဖို့ ဆီးရီးယားအစိုးရတပ်ဖွဲ့တွေကိုထောက်ပံ့နေတဲ့ ရုရှားသမ္မတဗလာဒီမင်ပူတင်က အမိန့် ထုတ်ပြန်လိုက်ပြီး အဲဒီအချိန်ဟာ နေရပ်စွန့်ခွာလိုတဲ့အရပ်သားတွေသွားနိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအ ညီတွေပေးသွားဖို့ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ(၂၄)ရက်မှာ ကုလသမဂ်္ဂလုံခြုံရေးကောင်စီက ဆီးရီးယားမှာရက် (၃၀)အပစ်ရပ်ဖို့ တညီတညွှတ်တည်းသဘောတူခဲ့ပြီးနောက် သမ္မတပူတင်ကအမိန့်ထုတ်ပြန်ခဲ့တာပါ။ တစ်နေ့(၅)နာရီစစ်ဆင်ရေး ရပ်ဆိုင်းမယ့်အစီအစဉ်ဟာ ဖေဖော်ဝါရီလ(၂၇)ရက်မှာစတင်ခဲ့ပြီး ဒေသစံတော်ချိန်မနက်(၉)နာရီကနေ ညနေ(၂)နာရီအထိအပစ် ရပ်ထားမှာဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေး ရှိုဂူးကပြောပါတယ်။ ဘေးလွတ်ရာပြောင်းရွှေ့လိုတဲ့ဒေသခံတွေ အတွက် ထွက်လမ်းတွေကို ဆီးရီးယားလခြမ်းနီကယ်ဆယ် ရေးအဖွဲ့က ကူညီဖန်တီးသွားမှာဖြစ်ပြီး ထွက်လမ်းတွေနဲ့ပတ်သက်လို့ လက်ကမ်းစာစောင်တွေ၊ ဖုန်းကနေပေးပို့တဲ့စာတိုတွေနဲ့ ရုပ်သံတွေကတဆင့်တွေ့ရမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ(၁၉)ရက်က တည်းက ဂို့တာအိုအေစစ်အရှေ့ပိုင်းကို ရုရှားအထောက်အပံ့ပေးထားတဲ့ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက လေကြောင်းတိုက်ခိုက် မှုနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အပြင် ဓာတုပစ္စည်းတွေအသုံးပြုတိုက်ခိုက်နေကြတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေ ပါတယ်။ ဂို့တာအိုအေစစ်အရှေ့ပိုင်းမှာ လူ(၄)သိန်းနီးပါးပိတ်မိနေကြပြီး ပြီးခဲ့တဲ့(၈)ရက်အတွင်း ဆီးရီးယားအစိုးရစစ်ဆင် ရေးတွေကြောင့် လူ(၅၀၀)ကျော်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂပြောခွင့်ရသူစတီဖန် ဒျူရှားရစ်ကအတည်ပြုပါတယ်။

 

 

Related News