ကမ္ဘာတစ်ဝန်းမှာ နေရောင်ခြည်စွမ်းအင်အသုံးပြုမှုပိုတိုးလာစေရေးအတွက်အကူအညီပေးနိုင်ဖို့ နိုင်ငံပေါင်း(၆၁)နိုင်ငံပါဝင်တဲ့ မိတ်ဖက်အဖွဲ့အစည်း(၁)ခုကို အိန္ဒိယနဲ့ပြင်သစ်နိုင်ငံတို့ကဦးဆောင်ပြီး မတ်လ(၁၁)ရက်မှာဖွဲ့စည်းခဲ့ပါတယ်။ နိုင်ငံတကာနေရောင် ခြည်စွမ်းအင်ဆိုင်ရာမိတ်ဖက်များ မျက်နှာစုံညီအစည်းအဝေးကို မတ်လ(၁၁)ရက်က အိန္ဒိယနိုင်ငံမြို့တော်နယူးဒေလီမှာ အိန္ဒိယ နဲ့ပြင်သစ်ခေါင်းဆောင်တွေက ဦးဆောင်ကျင်းပခဲ့ကြပါတယ်။ အဖွဲ့ဝင်နိုင်ငံအများစုက အီကွေတာ တစ်လျှောက်မှာရှိတဲ့အာဖရိကနိုင်ငံတွေနဲ့ အိန်္ဒိယသမုဒ္ဒရာမှာရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်။

ကုန်ကျစရိတ် ပိုနည်းတဲ့ နေရောင်ခြည်စွမ်းအင်ဆိုင်ရာတီထွင်ဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ ဒီအဖွဲ့အစည်းက တောင်းဆိုခဲ့ပြီး (၂၀၃၀)ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ(၁)ထရီလီယံကို အဖွဲ့ရန်ပုံငွေအနေနဲ့ ထားရှိနိုင်ဖို့ရည်ရွယ်ထားပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေနဲ့ကမာ်္ဘ့နိုင်ငံတွေအတွက် ပြီးပြည့်စုံတဲ့ရလဒ်တွေ ထွက်ပေါ်နိုင်အောင် ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြင်သစ်သမ်္မတအီမန်နျူရယ် မက်ခရွန်က ပြောခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝန်းမှာ နေရောင်ခြည်စွမ်းအင်ဝေမျှပေးနိုင်ဖို့ အဆင့်မြင့်ပြီး အလွယ်တကူ ရနိုင်တဲ့ နည်းပညာလိုအပ်နေတယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပဲရစ်သဘောတူညီမှုကို အကောင်အထည် ဖော်သွားမှာဖြစ်တယ်လို့ အဲဒီအဖွဲ့အစည်းကပြောထားပါတယ်။ အိန္ဒိယနိုင်ငံကို (၄)ရက်ကြာ ရောက်ရှိနေတဲ့ခရီးစဉ်မှာ သမ္မတမက်ခရွန်ဟာ ဒီအဖွဲ့အစည်းဖွဲ့စည်းနိုင်ရုံသာမက အိန္ဒိယနဲ့ ပြင်သစ်ကြားစီးပွားရေးနဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ 

 

 

 

 

Related News