ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်းက ဘတ်စတုန်းမြို့မှာရှိတဲ့ သားသတ်ရုံ(၁)ခုမှာ ရက်လွန်နေတဲ့ရေခဲရိုက်အသားတွေပေါ်က နေ့စွဲ တွေရှေ့တိုးထားတာကို စုံစမ်းရေးမှူးတွေကတွေ့ခဲ့ပါတယ်။ စားသုံးသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ပစ္စည်း(၂)မျိုးရဲ့အမည်ကို အာဏာပိုင်တွေကထုတ်ပြန်ထားပါတယ်။

အဲဒီကုန်ပစ္စည်းတွေကို ဘယ်လ်ဂျီယံဈေးကွက်ထဲကနေဖယ်ရှားနေပြီး နိုင်ငံတစ်ဝန်းမှာ ရှိတဲ့စတိုးဆိုင်တွေနဲ့ဈေးဆိုင်ကြီးတွေကို အဲဒီတံဆိပ်နဲ့အသားတွေ ဘယ်အတိုင်းအတာအထိပျံ့နှံ့နေသလဲဆိုတာကိုမသိရသေး ဘူးလို့ ဘယ်လ်ဂျီယံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာနကပြောပါတယ်။ ရောင်းချခွင့်ပိတ်ခံထားရတဲ့သားသတ်ရုံဝန်ထမ်း တွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့အာဏာပိုင်တွေကပြောပါတယ်။

 

 

Related News