အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရမြို့က ခရစ်ယာန်ဘုရားကျောင်း(၃)ကျောင်းကို အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့လို့ လူ(၉)ဦး သေဆုံးခဲ့ပြီး လူ(၄၀)လောက်ဒဏ်ရာရခဲ့တယ်လို့အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ဒုတိယလူနေအထူထပ်ဆုံး ဆူရာဘာရမြို့မှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်း(၃) ကျောင်းကို မေလ(၁၃)ရက်၊ မနက်ပိုင်းမှာ အသေခံဗုံးခွဲသူတွေက ၀င်တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံးလူ(၉)ဦးသေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ မိနစ်ပိုင်းအတွင်း ဘုရားကျောင်း(၃)ကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် လူအယောက်(၄၀)လောက်ဒဏ်ရာရ ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ဘယ်အဖွဲ့အစည်းကမှထုတ်ပြောထားခြင်းမရှိပေမဲ့ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့လွှမ်းမိုးမှုခံထားရတဲ့ ဂျာမား အန်ရှာရွတ် ဒူလာအဖွဲ့ရဲ့လက်ချက် ဖြစ်နိုင်ချေများတယ်လို့ အင်ဒိုနီးရှားထောက် လှမ်းရေးအေဂျင်စီကပြောပါတယ်။

နောက်ထပ်ဘုရားကျောင်း(၁)ကျောင်းကို တိုက်ခိုက်ဖို့ကြံစည်နေတာကို တားနိုင်ခဲ့တယ်လို့ လည်းသိရပါတယ်။ အခုလအစောပိုင်းကလည်း အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာမြို့စွန်က လုံခြုံရေးတင်းကြပ်တဲ့ထောင်(၁)ခုမှာ ထောင်ကျနေတဲ့အစ်္စလာမ်မစ်စစ်သွေးကြွတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထိပ်တိုက်တွေ့ခဲ့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တွေသေဆုံးမှုရှိခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်(၉၀)ရာခိုင်နှုန်းကျော်နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ခရစ်ယာန်၊ ဟိန္ဒူနဲ့ ဗုဒ္ဓဘာ သာဝင်ဦးရေလည်း သိသိသာသာများပါတယ်။ အခုနှစ်ဖေဖော်ဝါရီလကလည်း ဆီးရီးယားနိုင်ငံက အိုင်အက်စ်အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးက ယို့ဂရာကာတာမြို့မှာ ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူတွေများခဲ့ပါတယ်။ 

 

 

 

 

 

 

 

Related News