မေလ(၁၄)ရက်က ဂါဇာအနောက်ဘက်ကမ်းမြောင်ဒေသမှာ ဆန္ဒပြသူတွေသေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး မေလ (၁၅)ရက်မှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကိုယ်စားလှယ်တို့ကြား တုံ့ပြန်မှုတွေပြင်းထန်ခဲ့ပါတယ်။ မေလ(၁၅)ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးမှာ မေလ(၁၄)ရက်က ဂါဇာအနောက် ဘက်ကမ်းမြောင်မှာ သေဆုံးခဲ့သူတွေအတွက် ၀မ်းနည်းတဲ့အနေနဲ့ တက်ရောက်လာသူတွေက (၁)မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။ ဂါဇာမှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်တော်များများက စိုးရိမ်ကြောင်းပြောခဲ့ကြသလို စုံစမ်းမှုတွေပြုလုပ်သွားဖို့ တ ချို့နိုင်ငံတွေကတောင်းဆိုခဲ့ကြပြီး အစ္စရေးနဲ့ပါလက်စတိုင်းကိုယ်စားလှယ်တို့ကတော့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့်သေဆုံးခဲ့ရသူတွေအတွက် စုံစမ်းမှုတွေပြုလုပ်ပေးဖို့ တောင်းဆိုလိုပါတယ်။ ဂါဇာဒေသခံတွေကို အစ္စရေးအာ ဏာပိုင်တွေက တစ်ကီလိုမီတာအကွာလောက်ကနေ လက်ဖြောင့်သေနတ်သမားတွေနဲ့ပစ်ခိုင်းခဲ့တာ၊ လေယာဉ်တွေ၊ အမြှောက် တွေနဲ့ ဗုံးကြဲခဲ့ပြီး ဂါဇာဒေသခံတွေကိုသေစေခဲ့တာပါ။ ဒေသခံတွေက သူတို့ရဲ့အရှက်ကွဲခဲ့ရတာ၊ ဖိနှိပ်ချုပ်ချယ်ခံရတာနဲ့ သူ့ကျွန် ဘ၀ကိုရောက်ခဲ့တာတွေကို ငြင်းဆိုလိုတာအပြင် သူတို့ရဲ့ဥပဒေပြုခွင့်တွေကိုတောင်းဆိုလိုတာကြောင့် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြ တာဖြစ်ပါတယ်။ ပြီးတော့ အခုဆန္ဒပြမှုတွေမှာ ကလေးငယ်တွေကို လူသားဒိုင်းကာအနေနဲ့ အသုံးပြုခဲ့တာမျိုးလည်းမရှိပါဘူး။ ပါလက်စတိုင်းခေါင်းဆောင်တွေရဲ့လူသေဆုံးတဲ့စက်ဝိုင်းက အမြဲတမ်းဒီလိုလည်ပတ်နေတာလေ။

ပထမဆုံး အကြမ်းဖက်ဖို့ လူ တွေကိုလှုံ့ဆော်ပေးမယ်။ ပြီးရင် အမျိုးသမီးတွေနဲ့ကလေးတွေအပါအ၀င် လူအများကြီးကို ပစ်ခတ်နေတဲ့ရှေ့မှာထားပြီး အရပ် သားတွေ အများကြီးသေအောင်ဖန်တီးတယ်။ ပြီးရင် အစ္စရေးကို အပြစ်တင်မယ်။ ပြီးရင် ကုလသမဂ္ဂကိုလာပြီး တိုင်မယ်။ အစ္စရေးတွေက ဆန္ဒပြသူတွေကိုရင်ဆိုင်ခဲ့ရတာမဟုတ်ဘဲနဲ့ လက်လုပ်မီးလောင်ဗုံးတွေကို အစ္စရေးစိုက်ပျိုးမြေတွေထဲပစ်ခဲ့ပြီး ဂါဇာ-အစ္စရေးနယ်စပ်က ခြံစည်းရိုးတွေမှာ ဗုံးထောင်ခဲ့တဲ့ အထိကရုဏ်းဖန်တီးသူတွေကို တွေ့ခဲ့ရတာပါ။ ဂါဇာကို လောင်စာဆီ၊ အစားအစာနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ရာမှာ အဓိက၀င်ပေါက်ကို တိုက်ခိုက်ခဲ့ပါတယ်။

 

 

Related News