မလေးရှားမြို့ပြဖွံ့ဖြိုး ရေးရန်ပုံငွေ(1MDB) တွေပျောက်နေတာကြောင့် ၀န်ကြီးချုပ်ဟောင်း နာဂျစ်အိမ်ကိုရှာဖွေရာမှာ  ဇိမ်ခံပစ္စည်းတွေနဲ့ ငွေတွေကို မလေးရှားရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျစ်အိမ်ကိုမလေးရှားရဲတပ်ဖွဲ့ကရုတ်တရတ်ဝင်ရှာဖွေရာမှာ ဇိမ်ခံပစ္စည်းတွေနဲ့ငွေသားတွေတွေ့ရှိခဲ့ပါတယ်။ ဇိမ်ခံပစ္စည်းသေတ္တာရာချီနဲ့ လက်ကိုင်အိတ်တွေထဲမှာ ထည့်ထားတဲ့ နိုင်ငံခြားငွေတွေကို ၀န်ကြီးချုပ်ဟောင်းနာဂျစ် ရာဇက်ရဲ့နေအိမ်မှာရုတ်တရတ် ရှာဖွေစဉ်တွေ့ခဲ့လို့ သိမ်းဆည်းခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ စီးနင်းမှုကို မလေး ရှားမြို့တော်ကွာလာလမ်ပူမှာပြုလုပ်ခဲ့တာဖြစ်ပြီး မလေးရှားမြို့ပြဖွံ့ဖြိုးရေးဆိုင်ရာကုမ္ပဏီ ဘာဟတ်က နိုင်ငံတော်ရန်ပုံငွေတွေနဲ့ ဆက်စပ်ပြီး အခုလိုစုံစမ်းမှုတွေလုပ်ခဲ့တာပါ။

 မေလ(၁၀)ရက်ကကျင်းပတဲ့ မလေးရှားအထွေထွေရွေးကောက်ပွဲမှာ နာဂျစ်ရှုံးနိမ့်ခဲ့ရတဲ့အဓိက အကြောင်းအရင်းကတော မလေးရှားဖွံ့ဖြိုးရေးရံပုံငွေကို အလွဲသုံးစားပြုတဲ့ အကျင့်ပျက်ခြစားမှုကြောင့် ဖြစ်ပါတယ်။ မလေးရှား ဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေကို နာဂျစ်တာဝန်ယူတဲ့ ရန်ပုံငွေတွေထဲက  ဒေါ်လာဘီလီယံများစွာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး နာဂျစ်က သူ့အိတ်ထဲမှာ ဒေါ်လာသန်း(၇၀၀)လောက် ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကိုပြန်ငြင်းခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး နာဂျစ်က မလေးရှား အာဏာပိုင်တွေကို ရှင်းထားပေမဲ့ အခြားနိုင်ငံတွေကပါစုံစမ်းနေတာပါတယ်။  ဒီဖြစ်ရပ်ကိုအမှုပြန်ဖွင့်ဖို့ကြိုး ပမ်းနေပြီး ပျောက်ဆုံးသွားတဲ့ရန်ပုံငွေကိုပြန်ရဖို့ ယုံကြည်တယ်လို့ ၀န်ကြီးချုပ်မဟာသီယာ ကပြောပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံတွင်းကနေ နာဂျစ်ထွက်ခွာမှုကို မဟာသီယာက ပိတ်ပင်ထားပါတယ်။

 

 

Related News