တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်က မေလ(၂၁)ရက်နေ့လည်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံကို ထွက်ခွာ သွားပါတယ်။ သမ္မတမွန်းရဲ့ခရီးစဉ်မှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နဲ့တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်း စင်ရေးအတွက် အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့ကြား ခြားနားချက်တွေနည်းလာစေဖို့ အတွင်းကျကျဆွေးနွေးသွားဖွယ်ရှိ နေတယ်လို့ KBS သတင်းဌာနက သတင်းဖော်ပြပါတယ်။ မကြာသေးခင်က မြောက်ကိုရီးယား တုံ့ပြန်မှုတွေအပေါ်သဘောထားနဲ့ နောက်ဆုံးအခြေအနေတိုးတက်မှုတွေကိုတော့ မေလ(၂၀)ရက်မှာ ခေါင်းဆောင်(၂)ဦးက ဖုန်းကနေတစ်ဆင့်ဆွေးနွေးခဲ့ကြပါတယ်။

မကြာသေးမီက မြောက်ကိုရီးယားရဲ့ အပြုအမူတွေက နျူကလီးယားဖျက်သိမ်းရေးကို နှောင့်ယှက်ဖို့ရည်ရွယ်တာမဟုတ် ဘူးလို့ ယူဆတယ်ဆိုပြီး တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သမ္မတမွန်းက အဲဒီယူဆချက်ကို သမ္မတ ထရမ့်ကို ပြောပြဖို့ရှိနေပြီး ကိုရီးယားကျွန်းဆွယ်ရဲ့လက်ရှိအနေအထားက လေးနက်နေတာကြောင့် လူချင်းမတွေ့ဆုံခင်မှာ ဖုန်းနဲ့ ဆွေးနွေးခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်နေတာတွေလည်းရှိနေပါတယ်။

 

 

Related News