ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တာ(၄)နှစ်ပြည့်တဲ့နေ့မှာ ရွေးကောက်ပွဲစောကျင်းပရေးတောင်းဆိုဆန္ဒပြနေကြတဲ့ ထိုင်းဒီမိုကရေ စီရေးလှုပ်ရှားသူတွေကို ထိုင်းရဲတပ်ဖွဲ့ကတားဆီးခဲ့ပါတယ်။ 
လာမယ့်နိုဝင်ဘာလမှာ ထိုင်းရွေးကောက်ပွဲကျင်းပရေးလိုလားနေကြတဲ့ ထိုင်းအစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ထိုင်းရဲတပ်ဖွဲ့က တားဆီးခဲ့ကြပါတယ်။ မေလ(၂၂)ရက်မှာကျရောက်တဲ့ 
ထိုင်းစစ်တပ်အာဏာသိမ်းတာ(၄)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ထိုင်းနိုင် ငံက ဒီမိုကရေစီလိုလားသူတွေက အစိုးရဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။
 
ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်က သမ်မဆတ်တက်္ကသိုလ်နားကနေ ထိုင်းအစိုးရအဖွဲ့ဝင်တွေရဲ့နေအိမ်တွေရှိရာကို ချီတက်ဆန္ဒပြသူ (၂၀၀)လောက်ကိုတားဆီးဖို့ ထိုင်းရဲတပ်ဖွဲ့ဝင်(၃၀၀၀)လောက်ကို နေရာချထားပါတယ်။ ထိုင်းအစိုးရအဖွဲ့ဝင်တွေရဲ့နေအိမ်တွေနဲ့ ပတ်ဝန်းကျင်ကလမ်းတွေကို ဖြတ်သွားခွင့်မရှိပါဘူး။
 
ထိုင်းနိုင်ငံမှာ လူ(၅)ဦးထက်ပိုပြီးစုဝေးသွားလာခွင့်မရှိတာကြောင့် ချီတက်သူတွေဟာ အဖမ်းခံရနိုင်တာနဲ့ ထိုင်းအစိုးရက နိုင်ငံရေးလှုပ်ရှားမှုတွေကို ပိတ်ပင်ထားတာကို ချိုးဖောက်ရာ ရောက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကသတိပေးခဲ့ပါတယ်။ ချီတက်သူတွေက ငြိမ်းချမ်းစွာချီတက်ဖို့ စီစဉ်ထားခဲ့ကြပြီး တစ်စုံတစ်ရာဆက်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ချီတက်ဆန္ဒပြတာကို စီစဉ်သူ(၁)ဦးကပြော တယ်ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
 
၂၀၁၄ခုနှစ်၊ မေလ(၂၂)ရက်မှာ လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာဦးဆောင်တဲ့ ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအ တွက် ထိုင်းစစ်အစိုးရက ကတိပြုခဲ့ပေမဲ့ အကျင့်ပျက်ခြစားမှုတွေရှိနေပြီး ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို မကြာခဏနောက် ဆုတ်ခဲ့ပါတယ်။
 
(၂၀၁၅)ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထိုင်းစစ်အစိုးရက အစဦးဆုံးပြောခဲ့ပြီး အခုနှစ်တွင်းမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ (၂၀၁၇)ခုနှစ်ကပြောခဲ့ပေမဲ့ လာမယ့်(၂၀၁၉)ခုနှစ်နှစ်စပိုင်းမှာ ထိုင်းထွေထွေရွေးကောက်ပွဲအသေ အချာကျင်းပနိုင်မယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာရွတ်က မေလ(၂၂)ရက်မှာ ထပ်ပြီးအတည်ပြုခဲ့ပါတယ်။
 
 
 
 
 

Related News