အမေရိကန်နဲ့ဂျပန်ပူးပေါင်းဆောင် ရွက်မှုတွေတိုးမြှင့်ရေးဆွေးနွေးဖို့ ဇွန်လ(၆)ရက်နေ့လည်ပိုင်းမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက အမေရိကန်နိုင်ငံကိုထွက်ခွာခဲ့ပါတယ်။ဇွန်လ(၆)ရက်နေ့လည်ပိုင်းမှာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက အမေရိကန်နိုင်ငံကိုထွက်ခွာသွားပါတယ်။ အခုလ(၁၂)ရက်မှာ ကျင်းပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမတိုင်ခင်မှာ အမေရိကန်ဂျပန်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေ ကို အတည်ပြုသွားမယ်လို့ ၀န်ကြီးချုပ်အာဘဲကပြောပါတယ်။  ကြာသပတေးနေ့မှာ ခေါင်းဆောင်(၂)ဦးတွေ့ဆုံမှာဖြစ်ပြီး အခု(၁) ကြိမ်တွေ့ဆုံမှုက သူတို့(၂)ဦးရဲ့(၇)ကြိမ်မြောက်(၁)ဦးချင်းတွေ့ဆုံမှုဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားအစီအစဉ် တွေကို အပြည့်အ၀ဖျက်သိမ်းရေးအတွက် ဂျပန်နဲ့အမေရိကန်ပူးပေါင်းပြီး ဆွဲဆောင်သွားဖို့ ၀န်ကြီးချုပ်အာဘဲက ထပ်အတည်ပြု ဖွယ်ရှိနေပါတယ်။ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးက မြောက်ကိုရီးယားနိုင်ငံရဲ့ပဲထိန်းဒုံးကျည်အစီအစဉ် တွေကိုပါ ဖျက်သိမ်းဖို့နဲ့ မြောက်ကိုရီးယားနိုင်ငံက ထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံသားတွေအရေးတွေကိုပါ ဖြေရှင်းနိုင်လိမ့်မယ်လို့ ဂျပန်ဘက်က မျှော်လင့်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အရေးယူဆောင်ရွက်မှုတွေသေသေချာချာမလုပ်မချင်း ဖိအားတွေ ထပ်ပေးနေဖို့လည်း အာဘဲကတိုက်တွန်းနေပါတယ်။ မြောက်ကိုရီးယားကို ဖိအားအမြင့်ဆုံးထပ်မပေးတော့ဘူးလို့ သမ္မတထရမ့် ကပြောခဲ့တာဟာ မြောက်ကိုရီးယားနဲ့ရင်ကြားစေ့ရေးလိုလားနေတာဖြစ်တယ်လို့ ဂျပန်ဘက်ကသုံးသပ်နေပါတယ်။

 

 

 

Related News