ပြီးခဲ့တဲ့မေလလယ်မှာ အီဟားရီမှာရှိတဲ့ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရေးစခန်းကို မြောက်ကိုရီးယားက ဖျက်သိမ်းခဲ့တယ်လို့ မြောက်ကိုရီးယားရေးရာကိစ္စရပ် တွေကိုလေ့လာသုံးသပ်နေတဲ့ (38North)၀က်ဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒီဂြိုဟ်တုပုံရိပ်တွေက မြောက်ကိုရီးယားနိုင်ငံ၊ ပြွန်ဂန်ဘတ်ဒိုပြည်နယ်က ကူဆောင်း မြို့မှာရှိတဲ့ ဒုံးကျည်စမ်းသပ်ရေးစခန်းရဲ့ပုံ တွေပါ။

ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်မတ်လက အဲဒီစခန်းမှာ ဒုံးကျည်လွှတ်တင်စင်(၁)စင်၊ လောင်စာဆီသိုလှောင်ကန်(၁)ကန်နဲ့ သယ် ယူပို့ဆောင်ရေးလမ်းကြောင်း(၁)ခုရှိပါတယ်။ တစ်နှစ်ကြာပြီးနောက် ထပ်ရိုက်ထားတဲ့ဂြိုဟ်တုဓာတ်ပုံတွေအရ လောင်စာဆီကန်မ ရှိတော့သလို မြေပြင်ပေါ်ထိုးထွက်နေတဲ့အဆောက်အအုံတွေကလည်း ပျက်စီးသွားပါပြီ။ အဲဒီပဲ့ထိန်းဒုံးကျည်ပစ်လွှတ်ရေးစခန်း ကအဆောက်အအုံတွေကို ပြီးခဲ့တဲ့မေလမှာဖျက်သိမ်းခဲ့တယ်လို့ (38North)၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဧပြီလ မှာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေစမ်းသပ်တာကို ရပ်ဆိုင်းထားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကကြေ ညာခဲ့ပြီး (၃)ပတ်အကြာမှာ ဒုံးကျည်ပစ်လွှတ်ရေးစခန်းကို ဖျက်သိမ်းခဲ့တာပါ။

အဲဒီစခန်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဖုဂုဆောင်း(၂) ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(၁)စင်းကိုပါ ပစ်လွှတ်ခဲ့ဖွယ်ရှိနေတယ်လို့ (38North)မှာ ဖော်ပြထားပါ တယ်။ တာဝေးပစ်ဒုံးကျည်စမ်းသပ်တာရပ်ဆိုင်းထားတယ်ဆိုတဲ့မြောက်ကိုရီးယားကတိက၀တ်ကို သက်သေပြတဲ့အနေနဲ့ အဲဒီ စမ်းသပ်စခန်းကိုဖျက်သိမ်းခဲ့တာဖြစ်နိုင်ပေမဲ့ အဲဒီဒုံးကျည်အမျိုးအစားတွေကိုစမ်းသပ်တာရပ်ဆိုင်းထားပြီး နောက်ထပ်ဒုံးကျည် စမ်းသပ်စခန်းတွေထပ်ဆောက်နေတာလားဆိုတာကိုတော့ မရှင်းလင်းသေးဘူးလို့ (38North)က ဖော်ပြပါတယ်။

 

 

 

 

Related News