အမေရိကန်သမ္မတဒေါ်နယ် ထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇို အာဘဲတို့က ဇွန်လ(၇)ရက်မှာ အမေရိကန်နိုင်ငံမြို့တော်ဝါရှင်တန်မှာ တွေ့ဆုံခဲ့ပြီး အခုတွေ့ဆုံမှုက ခေါင်းဆောင်(၂)ဦးရဲ့(၇)ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်။ အခုလ(၁၂)ရက်၊ စင်ကာပူနိုင်ငံမှာကျင်း ပမယ့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးပွဲအတွက် ပြင်ဆင်နေကြချိန်မှာ အာဘဲက အမရိကန်ကိုရောက်ခဲ့ တာပါ။ ထိပ်သီးအစည်းအဝေးရဲ့အစီအစဉ်တွေထဲက အချက်အလက်အနည်းငယ်ကိုသာ အတည်ပြုထားနိုင်ပါတယ်။ ဇွန်လ(၇) ရက်က ၀န်ကြီးချုပ်အာဘဲနဲ့သမ္မတထရမ့်တို့တွေ့ဆုံချိန်မှာ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေတာကိုလည်း အမေရိ ကန်ကို ထုတ်ပြောခဲ့ဖွယ်ရှိတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယွန်ဟိုနဲ့ ပြုံယမ်းမှာတွေ့ဆုံဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်ကသွားရောက်ခဲ့ပါတယ်။ အမေရိကန် သမ္မတအဖြစ်ဒေါ်နယ်ထရမ့်တာဝန်ယူချိန်ကစပြီး အာဘဲနဲ့မကြာခဏတွေ့ဆုံလေ့ရှိပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင် ဂျုံအန်နဲ့တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတထရမ့်က ပထမဆုံးအကြိမ်ကြေညာခဲ့ပြီနောက် ဂျပန်ရဲ့အကျိုးစီးပွားထိခိုက်နိုင် တာတွေကိုအာဘဲက ရှင်းလင်းလိုနေပါတယ်။ မြောက်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့တွေ့ဆုံပြီး ဂျပန်နိုင်ငံကိုထိခိုက်စေနိုင်တဲ့သ ဘောတူညီမှုတွေပြုလုပ်သွားမှာကို ဂျပန်နိုင်ငံဘက်ကစိုးရိမ်နေပါတယ်။

 

 

Related News