အခုလ(၂၄)ရက်မှာ ကျင်းပမယ့် တူရကီအထွေထွေရွေးကောက်ပွဲနဲ့ သမ္မတရွေးကောက်ပွဲတို့အတွက် ဂျာမနီ၊ သြစတြီးယားနဲ့ ပြင်သစ်နိုင်ငံတို့ကို ရောက်နေကြတဲ့ တူရကီနိုင်ငံသားတွေက ဇွန်လ(၇)ရက်မှာစပြီး ကြိုတင်မဲပေးနေကြပါပြီ။ တူရကီရွေးကောက်ပွဲအတွက် ဇွန်လ(၇)ရက်ကစတင်ပြီး ဂျာမနီ၊ သြစတြီးယားနဲ့ ပြင်သစ်နိုင်ငံတို့မှာနေထိုင်ကြတဲ့ တူရကီနိုင်ငံ သားတွေက သက်ဆိုင်ရာနိုင်ငံတွေကတူရကီမဲရုံတွေမှာ ကြိုတင်မဲစပေးနေပါပြီ။ အခုလ(၂၄)ရက်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ အတွက် ဥရောပမှာ တူရကီနိုင်ငံသားအများဆုံးရှိနေတဲ့ ဂျာမနီနိုင်ငံမှာတော့ မဲပေးခွင့်ရှိသူ(၁.၄)သန်းရှိပြီး ဂျာမနီနိုင်ငံတ၀န်းက တူရကီကောင်စစ်ဝန်ရုံးတွေနဲ့ မဲရုံတွေမှာ ဇွန်လ(၁၉)ရက် နောက်ဆုံးထားပြီး မဲပေးရမှာပါ။

ဇွန်လ(၇)ရက်မနက်ပိုင်းက ကိုလုံး၊ ဒူဆယ်ဒေါ့ဖ်နဲ့ ဘာလင်မြို့တွေက တူရကီ ကောင်စစ်ဝန်ရုံးတွေမှာ မဲလာပေးတဲ့သူတွေတော်တော်များများကိုတွေ့ခဲ့ရတယ်လို့ ဂျာ မနီသတင်းတွေမှာ ဖော်ပြနေပါတယ်။ မဲရုံတွေမှာ မနက်(၉)နာရီကနေ ည(၉)နာရီအထိ ရုံးဖွင့်ရက်ရော ၊ရုံးပိတ်ရက်ရောမှာ မဲပေး နိုင်မှာပါ။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်၊ မတ်လမှာ တူရကီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာလူထူဆန္ဒခံယူခဲ့ရာမှာတော့ ဂျာမနီကတူရကီနိုင် ငံသား(၆၉၇၀၀)ကျော်လောက်မဲလာပေးခဲ့ကြပြီး မဲပေးခွင့်ရှိသူရဲ့(၄၉)ရာခိုင်နှုန်းမဲလာပေးခဲ့တာပါ။ ရွေးကောက်ပွဲ ငြိမ်းချမ်းစွာပြီး ဆုံးဖို့ တတ်နိုင်သမျှကြိုးစားပေးထားပြီး ဂျာမနီအာဏာပိုင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်တယ်လို့ ဂျာမနီနိုင်ငံ ဆိုင်ရာတူရကီသံအမတ်ကြီးအလီ ကီမယ် အေဒင်ကပြောပါတယ်။

ပြည်ပရောက် တူရကီမဲဆန္ဒရှင်(၃)သန်းကျော်ရှိတယ်လို့ တူရ ကီရွေးကောက်ပွဲကော်မရှင်ကပြောထားပါတယ်။ ပြင်သစ်နိုင်ငံမှာရှိတဲ့ တူရကီနိုင်ငံသား(၃၄၀၀၀၀)လောက်ကတော့ မဲပေးခွင့်ရှိ ပြီး သြစတြီးယားမှာတော့ မဲပေးခွင့်ရှိတဲ့တူရကီနိုင်ငံသား (၁၀၅၀၀၀)ကျော်ရှိနေပါတယ်။ တခြားနိုင်ငံတွေရောက်နေပြီး အခုရက် ပိုင်းအတွင်းမှာ တူရကီနိုင်ငံကိုပြန်လာတဲ့ နိုင်ငံသားတွေ အနေနဲ့လည်း ဇွန်လ(၂၄)ရက်နောက်ဆုံးထားပြီး အကောက်ခွန်စစ်ဆေးရေးဂိတ်တွေမှာ မဲပေးနိုင်မှာပါ။ လာမယ့်နိုဝင်ဘာလမှာမှ တူရကီရွေးကောက်ပွဲကျင်းပဖို့ အစောပိုင်းမှာ စီစဉ်ထားပေမဲ့ အခုလ (၂၄)ရက်မှာစောပြီး ကျင်းပဖို့ တူရကီသမ္မတအာဒိုဝမ်က ဆုံးဖြတ်ခဲ့ပါတယ်။ 

 

 

 

Related News