ကနေဒါနိုင်ငံမှာကျင်းပတဲ့ (G-7)အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးပထမရက်မှာ ကုန်သွယ်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။အမေရိကန်နဲ့တခြားနိုင်ငံတွေကြား လွတ်လပ်စွာကုန်သွယ်မှုအပေါ်အငြင်းပွားမှုကို  အဓိကထားဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးကို ကနေဒါနိုင်ငံချာလီဗွိုက် အပန်းဖြေစခန်းမှာ(၂)ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပထမနေ့အစည်းအဝေးကို ဇွန်လ(၈) ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂအဖွဲ့ (EU) နိုင်ငံတွေကို စတီး(လ်)နဲ့ အလူမီနီယံ တွေတင်သွင်းတဲ့အပေါ် ကုန်သွယ်ခွန်တိုးကောက်တဲ့ စာရင်းထဲထည့်သွင်းခဲ့ပြီးနောက် G (7) အဖွဲ့ဝင်ခေါင်းဆောင်တွေကြား သဘောထားကွဲလွဲတာတွေ ဖြစ်နေတာပါ။ သဘောထားကွဲလွဲမှုတွေက ကမ္ဘာ့စီးပွားရေးကိုဆိုးရွားစွာ ထိခိုက်စေပြီး ဘယ်နိုင်ငံကိုမှ အကျိုးရှိမှာမဟုတ်ဘူးလို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲက ပြောပါတယ်။ 

နိုင်ငံတချို့က လွတ်လပ်စွာ ကုန်သွယ်မှုအလေးပေးမှုကို ငြင်းခုံတာတွေရှိနေပြီး သမ္မထရမ့်ရဲ့ တစ်ဖက်ပိတ်ဝါဒကိုကန့်ကွက်ခဲ့ကြတယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်အာဘဲနဲ့ ကနေဒါဝန်ကြီးချုပ် ဂျက်စတင် ထရူဒူတို့က G(7)ထိပ်သီးဆွေးနွေးပွဲအကြို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံပေါင်းစုံကုန်သွယ်ရေးဝါဒကို ခေါင်းဆောင်တွေက သဘောတူခဲ့ပါတယ်။  

 

 

 

 

Related News