အီရန်နဲ့တရုတ်နိုင်ငံတို့ကြား လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ ဇွန်လ(၁၀)ရက်မှာ သဘောတူခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့ပိုင်းရှန်ဒေါင်းပြည်နယ်၊ ကွင်းဒေါင်မြို့မှာ ပြုလုပ်တဲ့(၁၈)ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ထိပ်သီး အစည်းအဝေးကိုတက်ရောက်ပြီးနောက် တရုတ်သမ္မတရှီကျင့်ပင်နဲ့ အီရန်သမ္မတဟတ်ဆန်ရိုဟာနီတို့တွေ့ဆုံစဉ်မှာ သဘောတူခဲ့ တာပါ။ ဒီထိပ်သီးအစည်းအဝေးကို သမ္မတရိုဟာနီတက်ရောက်တဲ့အပေါ် သမ္မတရှီကကြိုဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ်မှာ သမ္မတရှီက အီရန်နိုင်ငံကိုသွားရောက်ခဲ့စဉ် မဟာဗျူဟာမြောက်ပြည့်စုံတဲ့မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတွေ တည်ဆောက် နိုင်ခဲ့ပြီးကတည်းက (၂)နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လာတယ်လို့ သမ္မတရှီကကပြောပါတယ်။

အီရန်နျူကလီးယားသ ဘောတူညီချက်ဟာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့အီရန်နိုင်ငံတို့ကြား တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူဖြစ်တယ် လို့လည်း သမ္မတရှီကပြောပါတယ်။ အီရန်ဟာ တရုတ်နိုင်ငံနဲ့နယ်ပယ်အသီးသီးမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေပြီး ခေတ်သစ်ပိုးလမ်းမကြီးပူးတွဲဖောက်လုပ်ရာမှာလည်း ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေကို အကောင်အထည်ဖော် သွားမယ်လို့ သမ္မတရိုဟာနီကပြောပါတယ်။ နျူကလီးယားသဘောတူညီချက်ဟာ လတ်တလောစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီး သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းက အပြုသဘောဆောင်ပြီးပါဝင်ကြဖို့ မျှော်လင့် တယ်လိုလည်း သမ္မတရိုဟာနီကပြောခဲ့ပါတယ်။ 

 

 

 

Related News