ပြီးခဲ့တဲ့လမှာနှစ် နိုင်ငံခေါင်းဆောင်တွေတွေ့ဆုံမယ့် အစီအစဉ်ပျက်ဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဒီကနေ့မနက်စင် ကာပူစံတော်ချိန်(၉)နာရီမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့တွေ့ဆုံခဲ့ပါပြီ။နှစ်နိုင်ငံသမိုင်းမှာ ပထမဆုံးအဖြစ် အုပ်ချုပ်ရေးတာဝန်ယူနေဆဲ နိုင်ငံခေါင်းဆောင်(၂)ဦးက ဒီကနေ့မနက်(၉)နာရီမှာ စတင်ပြီး စင်ကာပူနိုင်ငံ၊ ဆန်တိုစာကျွန်းပေါ်က ကာပယ်လာဟိုတယ်မှာတွေ့ဆုံနေကြပါပြီ။ လပေါင်းများစွာသံတမန်ရေးရာ အလှည့်အ ပြောင်းတွေဖြစ်ခဲ့ပြီးနောက်မှ အခုလိုတွေ့ဆုံနိုင်ခဲ့တာဖြစ်ပြီး တွေ့ဆုံတဲ့အချိန်မှာ ခေါင်းဆောင်(၂)ဦးလက်ဆွဲ နှုတ်ဆက်ခဲ့တာကလည်း သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ (၂)နိုင်ငံကြားတင်းမာမှုတွေလျှော့ချရေးနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကို ဆွေးနွေးနေကြတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။

 မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်နဲ့ ထူးခြားတဲ့ဆက်ဆံ ရေးရှိလာမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတင်ခေါင်း ဆောင်(၂)ဦးက မိနစ်(၄၀)လောက်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဘာသာပြန်ချိန်တွေပါပါဝင်နေပါတယ်။ အဲဒီနောက် ခေါင်းဆောင် (၂)ဦးနဲ့အတူအကြံပေးတွေက အလုပ်သဘောနေ့လည်စာသုံးဆောင်ခဲ့ကြပါတယ်။ တွေ့ဆုံခဲ့ရာမှာ အမေရိကန်နိုင်ငံခြားရေးဝန် ကြီးမိုက် ပွန်ပီယိုနဲ့ ခေါင်းဆောင်ကင်ရဲ့ညီမဖြစ်သူကင်ယိုဂျွန်းတို့လည်းပါဝင်ခဲ့ကြပါတယ်။

ခေါင်းဆောင်ကင်မ်က စင်ကာပူစံ တော်ချိန်နေ့လည်(၂)နာရီမှာ ပြန်ထွက်ခွာမှာဖြစ်လို့ နောက်ဆုံးသတင်းထုတ်ပြန်ချက်မှာပါဝင်လာနိုင်တဲ့အချက်အလက်တွေကို သံသယရှိနေတာတွေလည်းရှိနေပြီး အခုအစည်းအဝေးဟာ မြောက်ကိုရီးယားရဲ့ဝါဒဖြန့်တဲ့အစည်းအဝေးဖြစ်နိုင်သလို ငြိမ်းချမ်း ရေးကို ဦးတည်နေတာလည်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေကြား ၀ိဝါဒကွဲနေပါတယ်။ ဒီအစည်းအဝေးက မြောက် ကိုရီးယားရဲ့နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးနဲ့ ထိန်းသိမ်းခံဂျပန်နိုင်ငံသားတွေအရေးတို့မှာ တိုးတက်လာဖို့ ဂျပန်နိုင်ငံ ဘက်ကမျှော်မှန်းနေပြီး အစည်းအဝေးကို စောင့်ကြည်နေတဲ့ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်က ပြုံးနေခဲ့တယ်လို့ တောင်ကို ရီးယားသမ္မတရုံးက သတင်းထုတ်ပြန်ထားတဲ့အပြင် မြောက်ကိုရီးယားအနေနဲ့ အမေရိကန်နဲ့ သဘောတူညီချက်တွေပြုလုပ်ရာမှာ သတိထားဖို့ အီရန်နိုင်ငံဘက်က သတိပေးထားပါတယ်။ 

 

 

Related News