မလေးရှား အစိုးရကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ဦးဆောင်ခဲ့ဖူးပေမဲ့ လက်ရှိအာဏာရညွှန့်ပေါင်းပါတီရဲ့ခေါင်းဆောင်ဖြစ်တဲ့ အန်န၀ါ အီဘရာဟင်က မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သွားဖို့ရှိနေတယ်လို့ ပြောခဲ့ပါတယ်။မလေးရှားဒုတိယ၀န်ကြီးချုပ်ဟောင်းအဖြစ် (၁၉၉၃)ခုနှစ်ကနေ (၁၉၉၈)ခုနှစ်အထိတာဝန်ယူခဲ့ဖူးပြီး (၁၉၉၉)ခုနှစ်ဧပြီလမှာ ၀န် ကြီးချုပ်ဒေါက်တာမဟာသီယာ မိုဟာမက်က ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လက်ရှိမလေးရှားညွှန့်ပေါင်း (P.H)ပါတီရဲ့ခေါင်းဆောင် အန်န၀ါ အီဗရာဟင်က ပြီးခဲ့တဲ့လမှာကျင်းပတဲ့မလေးရှားရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာကြောင့် ၀န်ကြီးချုပ်အဖြစ် တဖန်တာ ၀န်ပြန်ထမ်းဆောင်နေတဲ့မဟာသီယာရဲ့အရိုက်အရာကို ဆက်ခံသွားမယ်လို့ ပြောပါတယ်။ ဇွန်လ(၁၁)ရက်က BBCသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ်မှာ အန်န၀ါကပြောခဲ့တာပါ။ မလေးရှားနိုင်ငံရဲ့အရေးပါတဲ့ အကူးအပြောင်းပြုလုပ်ရာမှာ ထိထိ ရောက်ရောက်ဆောင်ရွက်နိုင်တဲ့ ၀န်ကြီးချုပ်(၁)ဦးအနေနဲ့ မဟာသီယာကိုလိုလားနေပြီး အာဏာရပါတီနဲ့သဘောတူညီချက်အရ မဟာသီယာရဲ့အရိုက်အရာကို ခံယူပြီး မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွား မယ်လို့ အန်န၀ါကပြောပါတယ်။

အန်န၀ါနဲ့ပူး ပေါင်းရတယ်ဆိုတဲ့အချက်က သူ့အတွက် အဆင်ပြေတယ်လို့လည်း ပြောပါတယ်။ ၀န်ကြီးချုပ်အဖြစ် စတင်ရွေးကောက်ခံခဲ့ရ ပြီးနောက် မဟာသီယာက အန်န၀ါကို ပြန်လွှတ်ပေးခဲ့ပြီး သူ့ရဲ့တပည့်ဖြစ်သူ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်လက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ မလေးရှားနိုင်ငံတော် ပိုင်ရန်ပုံငွေ (1MDB)ကိုအလွဲသုံးခဲ့တာတွေကို စစ်ဆေးခိုင်းထားပြီး ကြွေးမြီ လျှော့ချရေးဆောင်ရွက်နေသလို နိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေစလုပ်နေပါတယ်။ လာမယ့်(၂)နှစ်အတွင်း အန် န၀ါဝန်ကြီးချုပ်ဖြစ်လာစေဖို့ ရာထူးကနေ အနားယူသွားမယ်လို့ မဟာသီယာက မေလ(၁၆)ရက်မှာ ကတိပြုခဲ့ပါတယ်။ သူ့ကို ထောင်ချခဲ့ပေမဲ့ မဟာသီယာကို ခွင့်လွှတ်ပြီး ယုံကြည်သလို သူဦးဆောင်နေတဲ့အစိုးရအဖွဲ့သစ်ကိုလည်း အပြည့်အ၀ထောက်ခံ သွားမယ်လို့ ဘီဘီစီနဲ့တွေ့ဆုံ မေးမြန်းရာမှာ အန်န၀ါကပြောခဲ့ပါတယ်။ 

 

 

Related News