(G-7)ထိပ်သီးအစည်းအဝေးမှာ  ကနေဒါဝန်ကြီးချုပ်ဂျက်စတင် ထရူဒူကခေါင်းဆောင်ခဲ့တာကို ဗြိတိန်ဝန်ကြီးချုပ်ထရီဇာ မေကချီး ကျူးခဲ့ပါတယ်။ ပူးတွဲသတင်းထုတ်ပြန်ဖို့ သဘောတူညီချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဖျက်သိမ်းခဲ့ပြီး အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးကျင်းပမယ့် စင်ကာပူနိုင်ငံကိုသွားတဲ့ခရီးစဉ်မှာကတည်းက အနီးစပ်ဆုံးမိတ်ဖက်ဖြစ်တဲ့ ထရူဒူကို တွစ်တာမှာပုတ်ခတ်ပြောဆိုခဲ့ပါတယ်။

(G-7)ထိပ်သီးအစည်းအဝေးက အမေရိကန်ရဲ့အကောက်ခွန်တိုးကောက်မှုတွေ အတွက် သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့ အခွင့်အရေး(၁)ခုအဖြစ် အစောပိုင်းမှာရှုမြင်ခဲ့ကြပေမဲ့ အစည်းအဝေးအပြီးမှာ သဘောထားကွဲလွဲမှုတွေထပ်ဖြစ်ခဲ့တာပါ။ နိုင်ငံတကာအသိုက်အ၀န်းနဲ့ ဗြိတိန်နိုင်ငံသားတွေတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေအပေါ် ချဉ်းကပ်မှုနဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ခေါင်းဆောင်တွေကြားသဘောတူညီဖို့ (၂)ရက်ကြာဆွေးနွေးမှုတွေကို ထရူဒူကဦး ဆောင်နိုင်ခဲ့တာကြောင့် ချီးကျူးလိုတာဖြစ်တယ်လို့ ၀န်ကြီးချုပ်မေကပြောပါတယ်။ 

အမေရိကန်အမျိုးသားလုံခြုံရေးကိုအကြောင်း ပြပြီး အကောက်ခွန်တိုးကောက်တယ်ဆိုတာက မသင့်လျော်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ၀န်ကြီးချုပ်ထရူဒူကမီဒီယာတွေကိုပြောခဲ့ပြီး ကနေဒါနိုင်ငံသားတွေကယဉ်ကျေးပေမဲ့ ရိုင်းပြတဲ့အပြုအမူတွေကိုတော့ လက်ခံသွားမှာမဟုတ်တဲ့အပြင် အမေရိကန်နိုင်ငံက တင်ပို့တဲ့ကုန်ပစ္စည်းတွေကိုလည်း အခွန်တိုးကောက်သွားမယ်လို့ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ ပူးတွဲသတင်းထုတ်ပြန်ဖို့သဘော တူညီချက်ကို သမ္မတထရမ့်က ပယ်ချခဲ့ပါတယ်။

 

 

Related News