ယီမင်နိုင်ငံကို အထောက်အပံ့ပစ္စည်းတွေ တင်ပို့ရာမှာ အရေးကြီးပြီး ဟူသီခွဲထွက်ရေးသမားတွေ ထိန်းသိမ်းထားတဲ့ ဟူဒေးဒါဆိပ်ကမ်းမြို့ကို ဆော်ဒီအာရေဗျနိုင်ငံက ကျောထောက်နောက်ခံ ပေးထားပြီး ယီမင်အစိုးရလိုလားတဲ့တပ်ဖွဲ့တွေက ပြန်ထိန်းနိုင်ရေး ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပါတယ်။ တိုက်ပွဲတွေကြောင့် စစ်သား(၄)ဦးသေဆုံးခဲ့တယ်လို့ အာရပ်စော်ဘွား များပြည်ထောင်စု(U.A.E)ကအတည်ပြုခဲ့ပြီး ဟူသီခွဲထွက်ရေးသမား(၂၂)ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ဟူဒေးဒါလေ ဆိပ်နဲ့ မြို့တောင်ပိုင်းက အယ်ဒူရေးမီခရိုင်တို့မှာ တိုက်ပွဲပိုပြင်းထန်တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ ဒီနေ့မှာတော့ ယီမင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)မှာ အရေးပေါ်ဆွေးနွေးမှုတွေပြုလုပ်ဖို့ရှိနေပါတယ်။ ယီမင်နိုင်ငံ က ခွဲထွက်ရေးသမားတွေခြေကုတ်ယူထားတဲ့မြို့ကြီး(၁)မြို့ကို ဆော်ဒီဦးဆောင်ပြီး ပင်လယ်ကွေ့နိုင်ငံတွေ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်သိမ်းနိုင်ဖို့ကြိုးစားနေတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် ယီမင်နိုင်ငံကလူ(၈)သန်းလောက်ဟာ အငတ်ဘေးကြုံတွေ့နေရပြီး အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေထိန်းသိမ်းထားတဲ့ဒေသတွေကလူတွေအ တွက် အထောက်အပံ့အများစုက ဟူဒေးဒါမြို့ကိုရောက်ခဲ့ပါတယ်။ 

 

 

Related News