မြောက်ကိုရီးယားနိုင်ငံနဲ့အဆင့်ဆင့်တိုက်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့ ဂျပန်အစိုးရကရည်ရွယ်နေပေမဲ့ ဆွေးနွေးမယ့်အချိန်တွေ ကိုတော့ မစဉ်းစားရသေးဘူးလို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတာရို ကိုနိုကပြောပါတယ်။ ဇွန်လ(၁၇)ရက်က NHKသတင်းဌာနနဲ့သီး သန့်တွေ့ဆုံမေးမြန်းစဉ်မှာပြောခဲ့တာပါ။

မြောက်ကိုရီးယားက ထိန်းသိမ်းထားတဲ့ ဂျပန်နိုင်ငံသားတွေအရေးကို ဖြေရှင်းဖို့ဂျပန်-မြောက်ကိုရီးယားထိပ်သီးညီလာခံကျင်းပနိုင်ချေရှိတယ်လို့လည်း ကိုနိုကပြောပါတယ်။ ဇွန်လ(၁၂)ရက်ကကျင်းပခဲ့တဲ့ အမေရိ ကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမှာ မြောက်ကိုရီးယားရဲ့နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးကို သဘောတူနိုင်ခဲ့ပြီး အဲ ဒီသဘောတူညီချက်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က လက်မှတ်ရေးထိုးခဲ့တာဟာ ထူးခြားချက်ဖြစ်တယ်လို့ ကိုနို ကပြောပါတယ်။ အဲဒီသဘောတူညီချက်လိုမျိုးလုပ်ငန်းလမ်းပြမြေပုံတွေကိုချပြပြီးနောက် အမေရိကန်က မြောက်ကိုရီးယားနိုင်ငံနဲ့ ဆွေးနွေးမှုတွေစနေပြီလို့ ယူဆရတယ်ဆိုပြီး ကိုနိုကပြောပါတယ်။

ဖြစ်လာနိုင်ချေရှိတဲ့ ဂျပန်-မြောက်ကိုရီးယားထိပ်သီးညီလာခံ ကလည်း အပြုသဘောဆောင်တဲ့ရလဒ်တွေထွက်လာသင့်တယ်လို့ ကိုနိုကပြောပါတယ်။ ဂျပန်နိုင်ငံအတွက် သေချာတဲ့ရလဒ် တွေထွက်လာနိုင်အောင်ပြင်ဆင်ပြီးရင် ခေါင်းဆောင်ကင်နဲ့တွေ့ဆုံသင့်တယ်လို့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲကို ကိုနိုကအကြံပြုခဲ့ ပါတယ်။ ဘယ်အချိန်မှာ ညီလာခံဖြစ်လာမလဲဆိုတာကိုတွေးနေတာမဟုတ်ဘဲ မြောက်ကိုရီးယားရဲ့ဘယ်အဆင့်က ဘယ်သူနဲ့ တွေ့ဆုံဆွေးနွေးရမလဲဆိုတာကို စဉ်းစားနေပြီး အဲဒီညီလာခံကို ဂရုတစိုက်ဖြေရှင်းသွားမယ်လို့လည်း ကိုနိုကပြောပါတယ်။

 

 

 

 

Related News