အမေရိကန်နဲ့မြောက်ကိုရီးယားနိုင်ငံတို့ကြား ဆက်တိုက်ဆွေးနွေးမှုတွေမှာ နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးအစီအ စဉ်တွေ ပါဝင် လိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြချိန်မှာပဲ အခုနှစ်ထဲမှာ ကိုရီးယားစစ်ပွဲပြီးဆုံးပြီဆိုတာကို တရားဝင်ကြေညာနိုင်ဖို့ ကိုရီးယား (၂)နိုင်ငံနဲ့အမေရိကန်နိုင်ငံတို့က ဆွေးနွေးနေကြပါတယ်။ 

ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်းကြေညာနိုင်ဖို့ညှိနှိုင်းနေတဲ့အချိန်မှာ တောင်ကိုရီးယားဘက်က သဘောထားပျော့ပျောင်းသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကန် ကျွန်းဟွာကပြောပါတယ်။ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမှာ အ တည်မပြုနိုင်ခဲ့တဲ့အကြောင်းအရာဖြစ်တဲ့ ကိုရီးယားစစ်ပွဲပြီးဆုံးပြီဆိုတာကို (၃)နိုင်ငံပူးပေါင်းကြေညာနိုင်ရေးအတွက် တောင်ကိုရီး ယားအစိုးရကတိုက်တွန်းနေပါတယ်။ 

ရည်မှန်းချက်ကတော့ အခုနှစ်ကုန်မှာ ကြေညာနိုင်ဖို့ဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြား ရေးဝန်ကြီးအဖြစ် တစ်နှစ်စာတာဝန်ထမ်းဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်မှာ ကန်ကျွန်းဟွာကပြောခဲ့ ပါတယ်။ အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံမှာ အဲဒီအကြောင်းအရာကိုဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလမှာကျင်းပခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံရဲ့ကြေညာချက်မှာပါဝင်ခဲ့တဲ့ ကိုရီးယားစစ်ပွဲအဆုံးသတ်ပြီလို့ ကြေညာဖို့ ခေါင်းဆောင်(၂)ဦး ကဆုံးဖြတ်ခဲ့တယ်လို့လည်း ကန်ကျွန်းဟွာကအတည်ပြုပါတယ်။ ဇွန်လ(၂၇)ရက်ဟာ ကိုရီးယား(၂)နိုင်ငံယာယီစစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုထားတာ (၆၅)နှစ်မြောက်တဲ့နေ့ဖြစ်ပြီး ကန်ကျွန်းဟွာရဲ့မှတ်ချက်အရ တောင်ကိုရီးယားနိုင်ငံရဲ့အချိန်နဲ့ပတ်သက်လို့ ပြောင်းလွယ်ဖြစ်နေတယ်ဆိုတဲ့သဘောထားကိုဖော်ပြနေပြီး ကြေညာမယ့်နေ့ကတော့ မသေချာသေးပါဘူး။ 

လာမယ့်ရက်ပိုင်း တွေမှာကျင်းပဖွယ်ရှိနေတဲ့ အလုပ်အမှုဆောင်အဆင့်ဆွေးနွေးမှုတွေမှာ နျူကလီးယားအပြီးသတ်ဖျက်သိမ်းရေးအတွက်သာမက ကိုရီးယားစစ်ပွဲပြီးဆုံးရေးကိုလည်း လေးလေးနက်နက်ဆွေးနွေးဖွယ်ရှိနေပါတယ်။

 

 

Related News