ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ်ကနေ အမေရိကန်နိုင်ငံက နှုတ်ထွက်ခဲ့ပါတယ်။ကျင့်ဝတ်နဲ့မညီဘဲ ကိုယ်ကျိုး ကိုပဲကြည့်တဲ့ကောင်စီဟာ လူ့အခွင့်အရေးကိစ္စရပ်တွေကို သရော်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးနစ် ကီ ဟေလီက ဇွန်လ(၁၉)ရက်မှာပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ နစ်ကီဟေလီကပြောခဲ့တာပါ။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်တုန်းက ကောင်စီဟာ အစ္စရေးကိုဆန့်ကျင်တဲ့ဘက်လိုက်မှုရှိနေ တာကြောင့် အမေရိကန်ကကောင်စီဝင်ဖြစ်တာကို ပြန်သုံးသပ်နေတယ်လို့ နစ်ကီဟေလီကပြောခဲ့ပါတယ်။

ကောင်စီဝင်အဖြစ် ကနေ အမေရိကန်နှုတ်ထွက်ခဲ့တာကြောင့် ကမ္ဘာတစ်ဝန်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ရာမှာ အခက်အခဲတွေ့ လာနိုင်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက သုံးသပ်နေပါတယ်။ အမေရိကန်နိုင်ငံကို ကောင်စီဝင်အဖြစ် ဆက်ရှိစေချင်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်ကပြောတယ်ဆိုပြီး ကုလသမဂ္ဂပြောခွင့်ရသူကပြောခဲ့သလို ဒီသတင်းက စိတ်ဝင်စားစရာမဟုတ်ရင် စိတ်ပျက်စရာသတင်းဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာက ပြောခဲ့ပါ တယ်။ အမေရိကန်ရဲ့လုပ်ရပ်ကို အစ္စရေးကတော့ ချီးကျူးခဲ့ပါတယ်

။ ဇွန်လ(၁၉)ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အစ္စ ရေးနိုင်ငံရဲ့တရားမ၀င်အခြေချမှုတွေက အရှေ့အလယ်ပိုင်းဒေသရဲ့ငြိမ်းချမ်းရေးကိုထိခိုက်စေပြီး ဂါဇာအခြေစိုက်ဟာမက်စ်နဲ့ တ ခြားစစ်သွေးကြွတပ်ဖွဲ့တွေဟာ အစ္စရေးနဲ့ပါလက်စတိုင်းတွေအတွက် အသက်အန္တရာယ်ရှိရုံသာမက ဂါဇာကမ်းမြောင်မှာနေထိုင် သူတွေရဲ့အနာဂတ်ကိုပါ ထိခိုက်စေတယ်လို့ ကုလသမဂ္ဂရဲ့အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာအထူးညှိနှိုင်းရေးမှူးက အကျဉ်းချုပ်ရှင်းလင်းခဲ့ပါတယ်။

 

  

Related News