ဇွန်လ(၁၉)ရက်က တရုတ်နိုင်ငံ၊ မြို့တော်ဘေကျင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ရောက်ရှိခဲ့ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်းရေးကိစ္စကိုဆွေးနွေးခဲ့ကြပါတယ်။တရုတ်သမ္မတရှီကျင့်ပင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တို့ ဇွန်လ(၁၉)ရက်က တရုတ်နိုင်ငံ ဘေကျင်း မြို့မှာတွေ့ဆုံခဲ့ပါတယ်။ (၂)နိုင်ငံခေါင်းဆောင်တွေကတရုတ်-မြောက်ကိုရီးယား ဆက်ဆံ ရေးခိုင်မြဲဖို့ကိုရီးယားကျွန်း ဆွယ်အခြေအနေတွေကို အမြင်ခြင်းဖလှယ်ခဲ့ကြပါတယ်။

ဇွန်လ(၁၂)ရက် စင်ကာပူမှာကျင်းပခဲ့တဲ့ အမေရိသမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်တို့ရဲ့ ထိပ်သီးအစည်းအဝေးက ကိုရီးယားကျွန်းဆွယ်နျူက လီးယားကင်းစင်ရေးမှာအောင်မြင်မှုရပြီး ကျွန်းဆွယ်မှာရေရှည်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့တဲ့အတွက် ၀မ်းမြောက် တယ်လို့ သမ္မတရှီကပြောပါတယ်။ မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးဆွေးနွေးပွဲက နိုင်ငံတကာအသိုက်အ၀န်းက မျှော်လင့်ထားသလိုအောင်မြင်မှုတွေရခဲ့တယ်လို့ ခေါင်းဆောင်ကင်မ်ကပြောပါတယ်။(၂)နိုင်ငံစလုံးက ထိပ်သီး ဆွေးနွေးပွဲ သဘောတူညီမှုတွေကိုတစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်နိုင်ခဲ့ရင် နျူကလီးယားကင်းစင်တဲ့ ကိုရီးယားကျွန်း ဆွယ်သစ်(၁)ခုကိုဖွင့်လှစ်နိုင်မှာဖြစ်တယ်လို့ခေါင်းဆောင်ကင်မ်ကပြောပါတယ်။ ကိုရီးယားကျွန်း ဆွယ်တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုစတဲ့ကဏ္ဍတွေမှာတရုတ်နိုင်ငံကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေတာကို အသိအမှတ်ပြု တယ်လို့ မြောက်ကိုရီးယားဘက်ကပြောခဲ့ပါတယ်။ 

 

 

Related News