မွတ်ဆလင်နိုင်ငံတွေကနေ အမေရိကန်နိုင်ငံကို ၀င်ရောက်ခွင့်ပိတ်ပင်ထားတဲ့ အမေရိကန်သမ္မတရဲ့မူဝါဒကို အမေရိကန်တရားရုံးချုပ်က အတည်ပြုခဲ့ပြီး အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နိုင်ခဲ့တာလို့ သမ္မတဒေါ် နယ်ထရမ့်ကပြောတဲ့ ဒီဖြစ်ရပ်ကို ဆန့်ကျင်သူတွေလည်းရှိနေပါတယ်။အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆီးရီးယားနဲ့ ယီမင်စတဲ့(၅)နိုင်ငံကနိုင်ငံသားတွေကို အမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်မပြုဖို့ အ မေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့တာကို အမေရိကန်တရားရုံးချုပ်ကအတည်ပြုလိုက်ပါတယ်။ တရားရုံးချုပ်မှာ တရား သူကြီး(၉)ဦးရှိတဲ့အထဲက (၅)ဦးက သမ္မတထရမ့်ရဲ့မူဝါဒကိုထောက်ခံခဲ့ပြီး (၄)ဦးကတော့ကန့်ကွက်ခဲ့ပါတယ်။ အမျိုးသားလုံခြုံ ရေးကြောင့် နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်နိုင်တဲ့အာဏာ သမ္မတမှာရှိတယ်လို့ တရားရုံးချုပ်ကပြောပါတယ်။

အောက်တ ရားရုံးကတော့ ဒီမူဝါဒဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ အစောပိုင်းမှာ ကန့်ကွက်ခဲ့ပေမဲ့ တရားရုံးချုပ်က အတည်ပြုခဲ့တာပါ။ တရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်က အမေရိကန်နိုင်ငံသားတွေနဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နိုင်ခဲ့ တာလို့ သမ္မတထရမ့်ကပြောခဲ့ပေမဲ့ အခုနှစ်ဒီဇင်ဘာလမှာစတင်အသက်ဝင်မယ့် ပြည်ဝင်ခွင့်ပိတ်မှုကို ကန့်ကွက်သူတွေကတော့ ဆန္ဒထုတ်ဖော်နေကြပါတယ်။ အဲဒီပြည်ဝင်ခွင့်ပိတ်တာက မွတ်ဆလင်တွေကို ခွဲခြားဆက်ဆံတာတော့မဟုတ်ဘူးလို့ အမေရိကန် တရားသူကြီးချုပ် ဂျွန်ရောဘတ်ကပြောပါတယ်။ မျှတတဲ့အမြင်ရှိတဲ့လေ့လာသူ(၁)ဦးကတော့ ဒီလုပ်ရပ်ဟာ မွတ်ဆလင်တွေကို ဆန့်ကျင်တဲ့ လှုံဆော်မှုကို အခြေခံပြီးပေါ်ပေါက်လာတာတယ်လို့ ယူဆလိမ့်မယ်လို့ မူဝါဒကိုဆန့်ကျင်ခဲ့တဲ့တရားသူကြီး(၁)ဦးက ပြောပါတယ်။

 

 

Related News