ယီမင်နိုင်ငံ၊ အနောက်မြောက်ပိုင်း အမ်မရမ်မြို့က အကာကွယ်မဲ့အရပ်သားတွေကို ဇွန်လ(၂၇)ရက်က ဆော်ဒီဦးဆောင်ပြီးလေ ကြောင်းတိုက်ခိုက်မှု(၁)ခုပြုလုပ်ခဲ့တာကြောင့် အနည်းဆုံးယီမင်အရပ်သား(၉)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့သူတွေထဲကအ များစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ပြီး ဆော်ဒီတိုက်လေယာဉ်တွေက အမ်မရမ်မြို့က ဒေသခံတွေနေထိုင်တဲ့ ဧရိယာ တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။ 

ဒီတိုက်ခိုက်မှုကြောင့်ယီမင်နိုင်ငံပိုင် စစ်တပ်အဆောက်အဦးတွေနဲ့ မြို့ထဲကဆက်သွယ် ရေးအဆောက်အဦးတွေလည်းပျက်စီးခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆော်ဒီတွေကိုဆန့်ကျင်တဲ့အနေနဲ့ ယီမင်နိုင်ငံသား လူထောင်ချီက အမ်မရမ်မြို့မှာဆန္ဒပြနေကြတယ်လို့သိရပါတယ်။

ဇွန်လ(၂၅)ရက်အစောပိုင်းကအမ်မရမ်မြို့ အနီးမှာရှိတဲ့ အယ်ဘာရစ်ဒ်မြို့ကိုလည်း ဆော်ဒီစစ်လေယာဉ်တွေဗုံးကြဲခဲ့တာကြောင့် အရပ်သား(၂၀)ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဟူသီခွဲထွက်ရေးအဖွဲ့ပိုင်ရုပ်သံလိုင်း အယ်လ်မက်စ်ရက်ခ်ျကဖော်ပြပါတယ်။

ဇွန်လ(၂၃)ရက်ကလည်း ယီမင်အနောက်မြောက် ပိုင်း ဆအားဒါးမြို့က ကျောင်း(၁)ခုကို ဆော်ဒီအာရေးဗျတွေ လေကြောင်းတိုက်ခိုက်မှုပြု လုပ်ခဲ့တာကြောင့် အနည်းဆုံးယီမင် အရပ်သား(၆)ဦးသေဆုံးခဲ့ပါတယ်။

 

 

 

 

Related News