ဆေးခြောက်(၇၀၀)ကီလိုဂရမ်၊ ကိုကင်း(၂.၇) ကီလိုဂ၇မ်၊ စိတ်ကြွဆေးပြား (၃၀၀၀၀၀)ကို မူးယစ်ဆေးမှောင်ခိုကူးတဲ့သူတွေ ဆီက ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကကြေညာပါတယ်။ မူးယစ်ဂိုဏ်း(၄)ခုက သံသယရှိသူ (၉)ဦးကိုဖမ်းဆီး ရမိတာကို ကြေညာဖို့ ဇွန်လ(၂၇) ၇က်မှာ ထိုင်းဒုတိယရဲချုပ် ဗိုလ်ချုပ်ကြီး ချိုင်သစ်(ပ်) ချိုင်ဂျင်ဒါက သတင်းစားရှင်းလင်းပွဲပြုလုပ်ခဲ့ပါ တယ်။

ထိုင်းအမျိုးသား (၄)ဦးက ဆေးခြောက်(၆၀၀)ကီလိုဂရမ်ကို နယ်စပ်မှာရှိတဲ့ နခွန်ဖနွန်ခရိုင်က ဘန်ကောက်မြို့ကို ခိုးသွင်း ဖို့ကြိုးစားနေတုန်း ဖမ်းဆီးခံခဲ့ရပါတယ်။ နောက်(၁)ဦးကိုတော့(၁၀၀)ကီလိုဂ၇မ် အလေးချိန်ရှိတဲ့ ဆေးခြောက် တွေနဲ့ ထိုင်းနိုင်ငံ ပါသွန်သနီခရိုင်က အဝေးပြေးလမ်းမကြီး အကောက်ခွန်ဂိတ်မှာတွေ့ ခဲ့ပါတယ်။

(၂.၇)ကီလိုဂရမ်ရှိတဲ့ ကိုကင်းကိုခရီးဆောင်အိတ် ထဲမှာဝှက်ပြီးသယ်လာတဲ့ ကင်ညာအမျိုးသမီး(၁)ဦးကို လည်း သုဝဏ္ဏဘူမိလေဆိပ်မှာဖမ်းမိခဲ့ပါတယ်။ မူးယစ်ဆေးကုန်ကူးသူ (၄)ယောက်အဖွဲ့ (၁)ဖွဲ့ကို ထိုင်းနိုင်ငံ ချန်ပန်ခရိုင်က အဝေးပြေးလမ်းမကြီးစစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ပါတယ်။နိုင်ငံတစ်ဝန်းမှာ မူးယစ်ဆေးကုန်ကူးဖိုးကြိုးစားနေတာတွေပိုများနေပြီး နိုင်ငံရဲ့အနောက်မြောက်ဘက်ကတစ်ဆင့် မလေးရှားနိုင်ငံကိုဖြတ်ပြီး နောက်တစ်နိုင်ငံကိုပို့ဆောင်ဖို့ ရည်ရွယ်နေကြတယ်လို့ ဗိုလ်ချုပ်ကြီး ချိုင်သိ စ် (ပ်)က ပြောပါတယ်။

 

 

 

 

Related News