ဇွန်လလယ်ပိုင်းမှာ စတင်ခဲ့တဲ့ ယီမင်ခွဲထွက်ရေးသမားတွေထိန်းချုပ်ထားတဲ့ ဟူဒေးဒါဆိပ်ကမ်းမြို့ကို ထိုးစစ်ဆင်တာတွေရပ်ထားမယ်လို့ အာရပ်စော်ဘွား များပြည်ထောင်စု(UAE)က ဇူလိုင်လ(၁)ရက်မှာပြောပါတယ်။ကုလသမဂ္ဂနဲ့ဟူသီခွဲထွက်ရေးသမားတွေငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ ဟူဒေးဒါမြို့ကို ထိုးစစ်ဆင်တာ တွေယာယီရပ်ထားမယ်လို့ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)က ဇူလိုင်လ(၁)ရက်မှာ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့သံ တမန်ရေးရာအားထုတ်မှုကိုပိုပြီးအကျိုးရှိလာစေဖို့ ဟူဒေးဒါမြို့က ဟူသီခွဲထွက်ရေးသမားတွေကို ထိုးစစ်ဆင်မှုရပ်ထားတာလို့ (UAE)ဘက်ကကြေညာခဲ့ပါတယ်။ ထိုးစစ်ရပ်ထားတာက ဟူသီတွေဟူဒေးဒါကနေ လုံးဝဆုတ်ခွာသွားဖို့ရည်ရွယ်ထားတာဖြစ်ပေ မဲ့ ထိုးစစ်ကိုအင်ပြည့်အားပြည့်ပြန်စသွားနိုင်တယ်လို့ (UAE)နိုင်ငံခြားရေးဝန်ကြီးအန်န၀ါ ဂါဂတ်ရှ်ကပြောပါတယ်။

ဇွန်လ(၂၃) ရက်ကတည်းက ထိုးစစ်စရပ်ထားပြီး အဲဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်နေသေးပေမဲ့ ဟူသီတွေထိန်းချုပ်ထားတဲ့ ယီမင်မြို့ တော်ဆာနာကို ယီမင်နိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်မာတင် ဂရစ်ဖစ်သ်က မကြာခင်သွားရောက်ပြီး အဲဒီကနေ ဘာရလဒ်တွေထွက်လာမလဲဆိုတာကို ယီမင်အစိုးရလိုလားတဲ့တပ်ဖွဲ့တွေက စောင့်ဆိုင်းနေကြပါတယ်။ ဆွေးနွေးပွဲရဲ့တိုးတက်မှု တွေကို လာမယ့်တစ်ပတ်မှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ဆွေးနွေးသွားမယ်လို့ ဂရစ်ဖ်ဖစ်ဒ်က ကုလသမဂ္ဂရဲ့ရေဒီယိုကို ပြောပါတယ်။ လာမယ့်(၂)ပတ်အတွင်း ယီမင်အစိုးရနဲ့ဟူသီတွေကြား ပြီးခဲ့တဲ့(၂)နှစ်အတွင်း ပထမဆုံးအကြိမ်ဆွေးနွေးမှုစတင် လိမ့်မယ်လို့လည်း ဂရစ်ဖစ်သ်ကပြောပါတယ်။ နှစ်ဖက်စလုံးက ဆွေးနွေးဖို့လိုလားနေကြတယ်လို့လည်းသိရပါတယ်။ 

 

 

Related News