အာဖဂန်နစ္စတန်နိုင်ငံ၊ ဂျာလာလာဘတ်မြို့မှာ ဇွန်လ(၁)ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံးလူ(၁၉)ဦးသေ ဆုံးပြီး နောက်ထပ်လူ(၂၀)ဦးဒဏ်ရာရခဲ့ပါတယ်။ နန်ဂါဟာပြည်နယ်ကိုရောက်နေတဲ့ အာဖဂန်သမ္မတအာရှရပ်ဖ် ဂါနီကိုတွေ့ဆုံဖို့ အဲဒီလူတွေက ကား(၁)စီးနဲ့သွားနေစဉ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ အာဖဂန်နစ္စတန်ရဲတပ်ဖွဲ့ကပြောပါတယ်။ သေဆုံးသူတွေထဲကအ များစုဟာ အာဖဂန်နစ္စတန်နိုင်ငံက လူနည်းစုဖြစ်တဲ့ ဆစ်ခ်ဘာသာဝင်တွေဖြစ်ပြီး သူတို့ထဲက(၁)ဦးဟာ လာမယ့်အောက်တိုဘာ လ(၂၀)ရက်မှာကျင်းပမယ့် အာဖဂန်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်(၁)ဦးတည်းသောဆစ်ခ်အမတ်လောင်းဖြစ်ပါတယ်။

အခုတိုက်ခိုက်မှုဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ (IS)အကြမ်းဖက်အဖွဲ့က ထုတ်ပြောထားပါတယ်။ အခုပေါက်ကွဲမှုကြောင့် မြို့ထဲက ဈေးဆိုင်တွေနဲ့ အဆောက်အအုံတွေလည်း ပျက်စီးခဲ့ပါတယ်။ အာဖဂန်မြို့တော်ကဘူးလ်မှာရှိတဲ့ အိန္ဒိယသံရုံးကတော့ အခုလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ရှုတ်ချခဲ့ပါတယ်။ အသေခံဗုံးခွဲမှုဖြစ်နေတဲ့ ဧရိယာထဲ မှာတော့ သမ္မတမရှိခဲ့ဘူးလို့ အာဖဂန်အရာရှိတွေက ပြောပါတယ်။

 

 

 

Related News