ဖိလစ်ပိုင်နိုင်ငံ၊ ဘာတမ်ဂတ်စ်ပြည်နယ်တောင်ပိုင်းက တာနော်အန်မြို့မှာ ဇူလိုင်လ(၂)ရက်က မြို့တော်ခန်းမမှာ အလံလွှင့်ထူပွဲ ကျင်းပနေတုန်း  မြို့တော်ဝန်လုပ်ကြံခံခဲ့ရပါတယ်။ အမည်မသိသေနတ်သမားက မြို့တော်ဝန် အန်တိုနီယို ဟာလီလီရဲ့ရင်ဘတ် ကိုပစ်ခတ်ခဲ့တာလို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကပြောပါတယ်။ အနီးနားမှာရှိတဲ့ ဆေးရုံကို ပို့ပြီး မြို့ဝန်ကို ကုသမှုပေးခဲ့ပေမဲ့ ဆေးရုံမှာသေ ဆုံးသွားတယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်တုန်းက မြို့ပတ်ဝန်းကျင်က မူးယစ်ဆေးမှုကျူးလွန်ခဲ့သူတွေနဲ့ ဟာလီ လီက ပတ်သက်ခဲ့ပြီးနောက်ပိုင်း ဟာလီလီကို နာမည်ဆိုးနဲ့လူသိများခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ သူဟာ ရဲတပ်ဖွဲ့ရဲ့မူးယစ်ဆေး ၀ါးမှုတွေနဲ့ပတ်သက်နေသူတွေကို စောင့်ကြည့်နေတဲ့စာရင်းမှာပါဝင်လာခဲ့ပြီး (၂၀၁၇)ခုနှစ်မှာတော့ မူးယစ်ဆေးကုန်သွယ်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့ တခြားအရာရှိတွေနည်းတူ ရဲတပ်ဖွဲ့ကို ကြီးကြပ်နိုင်ခြင်းမရှိတော့ပါဘူး။ မူးယစ်ဆေးဝါးမှုတွေနဲ့ မပတ် သက်ဘူးလို့တော့ ဟာလီလီကငြင်းဆိုထားပါတယ်။

 

 

 

Related News