ဇူလိုင်လ(၆)ရက်ကနေ (၁၄)ရက်အထိ စပိန်နိုင်ငံ၊ ပန်ပလိုနာမြို့မှာကျင်းပမယ့် ဆန်ဖာမင်ပွဲတော်မတိုင်ခင်မှာ နွားတိုက်ပွဲတွေကို ဆန့်ကျင်တဲ့အနေနဲ့ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူဒါဇင်ချီက ဇူလိုင်လ(၅)ရက် ပန်ပလိုနာတော်ခန်းမရှေ့မှာ ဆန္ဒပြ ခဲ့ပါတယ်။ ဆန်ဖာမင်ပွဲတော်မှာ နွားအပြေးပြိုင်ပွဲကျင်းပတာကိုပဲ လူသိများပေမဲ့ ညနေပိုင်းမှာတော့ နွားတိုက်ပွဲကျင်းပလေ့ရှိတာ ကို ကမ္ဘာ့လှည့်ခရီးသွားတွေမသိကြဘူးလို့ ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။

တစ်ပတ်ကြာကျင်းပမယ့်ပွဲတော်ကာလမှာ နွား အပြေးပြိုင်ပွဲနဲ့ နွားတိုက်ပွဲတို့သာမက တေးဂီတနဲ့ကပွဲတွေပါဝင်မှာဖြစ်ပေမဲ့ ပွဲတော်ကာလမှာ နွားသိုး(၆၆)ကောင်လောက်အ သတ်ခံရနိုင်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေကပြောပါတယ်။ ပွဲတော်ကာလမှာ နွားတိုက်ပွဲတွေကိုအဆုံးသတ်ဖို့ဆန္ဒရှိနေတယ်လို့ ပန်ပလိုနာမြို့ဝန်ဟိုဆေးဘာ အာဆီရွန်ကပြောခဲ့ပေမဲ့ ပွဲတော်ကာလမှာ နွားသိုးတွေမပါတာက ပွဲတော်ရဲ့အနှစ်သာရကို လျော့ နည်းစေလိမ့်မယ်လို့ ဒေသခံတချို့ကပြောပါတယ်။ 

 

 

Related News