ပြီးခဲ့တဲ့တစ်ပတ်အတွင်း မလေးရှားနိုင်ငံမှာ အကြမ်းဖက်သမားလို့ယူဆရသူ(၇)ဦးကို ဖမ်းမိခဲ့ တယ်လို့ မလေးရှားစုံစမ်းရေးမှူးချုပ်ကပြောပါတယ်။ ဇူလိုင်လ(၁၂)ရက်နဲ့(၁၇)ရက်ကြားစစ်ဆင်ရေးတွေမှာ အလုပ်လက်မဲ့အမျိုးသား(၁)ဦးအပါအ၀င်အကြမ်းဖက်လို့ယူဆရသူတွေကို မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ရဲ့အကြမ်းဖက်နှိမ်နင်းရေးအထူးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တီရန်ဂါနူ၊ ဆီလန်ဂေါ၊ ပီရက်က်နဲ့ ဂျို ဟိုးပြည်နယ်တို့မှာ အဲဒီလူတွေကိုဖမ်းမိခဲ့တာလို့သိရပါတယ်။ ဖမ်းမိထားသူတွေက မလေးရှားနိုင်ငံသား(၄)ဦးနဲ့ အင်ဒိုနီးရှားနိုင် ငံသား(၃)ဦးဖြစ်ပြီး ဇူလိုင်လ(၁၉)ရက်အထိဆိုရင် မလေးရှားနိုင်ငံမှာ အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်(၄၁၄)ဦးကိုဖမ်းမိထားပြီလို့ မလေးရှားစုံစမ်းရေးမှူးချုပ်မိုဟာမက် ဖူဇီ ဟာရွန်ကပြောပါတယ်။

အမျိုးသမီးတွေကို အသေခံဗုံးခွဲတဲ့သူတွေအနေနဲ့ အိုင်အက်စ် တွေကအသုံးချနေတဲ့နောက်ဆုံးလုပ်ရပ်တွေကို မလေးရှားရဲတပ်ဖွဲ့ကလေ့လာစောင့်ကြည့်နေတယ်လို့လည်းသိရပါတယ်။ မလေး ရှားနိုင်ငံကထွက်ပြေးနေပြီး မလေးရှားအစိုးရပိုင်(1MDB)ရန်ပုံငွေတွေကိုအလွဲသုံးရာမှာပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ စီးပွားရေးသမားဂျိုလိုကို တရုတ်နိုင်ငံမှာဖမ်းမိထားတယ်လို့ ဟောင်ကောင်မီဒီယာတွေမှာ ဖော်ပြနေတာကိုလည်း အတည်ပြုနိုင်ဖို့ကြိုးစားနေ တယ်လို့ ဟာရွန်ကပြောပါတယ်။ ဒီဖြစ်ရပ်ကို နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)အပါအ၀င် သက်ဆိုင်ရာတွေကလည်း အတည်ပြု ပေးသင့်တယ်လို့ ဟာရွန်ကပြောပါတယ်။

 

 

Related News