အဓိက အတိုက်အခံပါတီမပါပေမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ရွေးကောက်ကို ဇူလိုင်လ(၂၉)ရက်မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲရလဒ်တွေကိုတော့ လာမယ့်သြဂုတ်လလယ်လောက်မှာ အပြည့်အစုံကြေညာဖွယ်ရှိနေပါတယ်။ ဇူလိုင်လ(၂၉)ရက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်မှာ အဓိကအ တိုက်အခံ(CNRP)ပါတီကိုဖျက်သိမ်းခဲ့တာကြောင့် ၀န်ကြီးချုပ်အဖြစ်(၃၂)နှစ်ကျော်တာဝန်ယူခဲ့တဲ့ အာဏာရပါတီ(CPP)ဥက္ကဋ္ဌ ဟန်ဆန်ကပဲ အခုရွေးကောက်ပွဲမှာ အနိုင်ရဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ အတိုက်အခံပါတီမရှိတာကြောင့် ရွေးကောက်ပွဲကျင်းပပေမယ့်ဟန်ပြပဲဖြစ်ပြီး ရွေးကောက်ပွဲကိုဆန္ဒပြကြဖို့ အတိုက်အခံတွေကတိုက်တွန်းနေပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ(၁၉)ပါတီပါဝင်ယှဉ်ပြိုင်နေပေမဲ့ ဘယ်ပါတီကမှ ၀န်ကြီးချုပ်ဖြစ်လာဖို့နဲ့ အစိုးရဖွဲ့နိုင်ဖို့ အားကောင်းတဲ့ပါတီတွေမ ဟုတ်ကြပါဘူး။

မဲပေးရမှာက ဥပဒေအရ မလုပ်မနေကိစ္စမဟုတ်ပေမဲ့ ရွေးကောက်ပွဲကိုဆန္ဒပြသူတွေကို အမျိုးသားသစ္စာဖောက် အဖြစ်သတ်မှတ်သွားမယ်လို့ အာဏာပိုင်တွေကသတိပေးထားပါတယ်။ မဲပေးရာမှာတော့ အခက်အခဲမရှိဘူးလို့ မဲလာပေးသူတွေ ကပြောပါတယ်။ ရွေးကောက်ပွဲက လွတ်လပ်မျှတလိမ့်မယ်လို့ ကမ္ဘောဒီးယားအစိုးရဘက်ကပြောထားပါတယ်။ ရွေးကောက်ပွဲမ တိုင်မီ(၂)ရက်မှာ အမှီအခိုကင်းတဲ့သတင်းဌာနတွေရဲ့ဝက်ဘ်ဆိုက်စာမျက်နှာတွေကို အစိုးရကပိတ်သိမ်းထားပါတယ်။ လုံခြုံရေး အရေအတွက်တိုးပြီးချထားပြီး အုံကြွမှုတွေမရှိဘူးလို့ သတင်းတွေမှာဖော်ပြနေပါတယ်။ အခုရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ (၈)သန်းရှိပြီး မဲလာပေးမယ့်သူကတော့ (၆၀)ရာခိုင်နှုန်းလောက်ရှိမယ်လို့ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မတီက ခန့်မှန်းနေပါ တယ်။ အစောပိုင်းရလဒ်တွေကို ဒီနေ့မနက်ပိုင်းမှာ ကြေညာမှာဖြစ်ပြီး တရားဝင်ရလဒ်တွေကိုတော့ သြဂုတ်လလယ်မှာထုတ်ပြန် သွားမယ်လို့ သိရပါတယ်။

 

 

Related News