ကိုရီးယားစစ်ပွဲကာလမှာကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေထဲက ရုပ်ကြွင်း(၅၅) ခုဟာ သြဂုတ်လ(၁)ရက်မှာ အမေရိကန်ပိုင်ဟာဝိုင်ယီကျွန်းကို ပြန်ရောက်ခဲ့ပါတယ်။(၁၉၅၀)ကနေ(၁၉၅၃)ခုနှစ်အထိ ကိုရီးယားစစ်ပွဲကာလမှာသေဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေလို့ယူဆရတဲ့ရုပ်ကြွင်းတွေက အ မေရိကန်နိုင်ငံ၊ ဟာဝိုင်ယီကျွန်းကို သြဂုတ်လ(၁)ရက်မှာပြန်ရောက်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ဇွန်လက အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်(၂)ဦးသဘောတူခဲ့တဲ့အချက်တွေထဲမှာ ရုပ်ကြွင်းတွေပြန်ပို့ပေးဖို့လည်းပါဝင်တာကြောင့် ပြီးခဲ့တဲ့တစ်ပတ်မှာ မြောက်ကိုရီးယားက ရုပ်ကြွင်း(၅၅)ခုကို ပြန်ပေးခဲ့တာပါ။ ကျွန်းပေါ်က ပုလဲဆိပ်ကမ်းမှာရှိတဲ့ပူးပေါင်းအခြေ စိုက်စခန်းမှာ အမေရိကန်ဒုတိယသမ္မတမိုက်ခ်ပန့်စ်က ရုပ်ကြွင်းတွေကို လက်ခံခဲ့ပြီး ရုပ်ကြွင်းတွေကို တောင်ကိုရီးယားနိုင်ငံမြို့ တော်ဆိုးလ်အပြင်ဘက်က လေတပ်စခန်း(၁)ခုကနေ အမေရိကန်စစ်လေယာဉ်(၂)စီးနဲ့တင်ခဲ့တာလို့သိရပါတယ်။

ရုပ်ကြွင်းတွေ က ဘယ်သူဘယ်ဝါဆိုတာကို ဟာဝိုင်ယီက အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်အတွင်းပျောက်ဆုံးသူများရှာဖွေရေးအေ ဂျင်စီဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမယ်လို့သိရပါတယ်။ စစ်ဆေးတဲ့လုပ်ငန်းတွေက လချီပြီးကြာနိုင်တယ်လို့ အမေရိကန်ဘက်က ပြောထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ရုပ်ကြွင်းတွေ လေကြောင်းကတစ်ဆင့်သယ်သွားခဲ့က တည်းက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကို ကျေးဇူးတင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ အမေရိကန်စစ်သား(၅၃၀၀)လောက်ရဲ့ရုပ်ကြွင်းတွေကို ပြန်ရှာတွေ့ဖို့ ကျန်နေသေးတယ်လို့ အမေရိ ကန်ဘက်က ယူဆနေပါတယ်။

 

 

Related News