သြဂုတ်လ(၅)ရက်က ဗင်နီဇွဲလားသမ္မတကို ဖောက်ခွဲရေးပစ္စည်းတွေတင်လာတဲ့ မောင်းသူမဲ့ဒရုန်းလေယာဉ်(၂)စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူဆရသူ(၆)ဦးကို ဖမ်းမိထားတယ်လို့ ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ သြဂုတ်လ(၅)ရက်မှာ ဗင်နီဇွဲလားမြို့တော်ကရာကတ်စ်က ဗင်နီဇွဲလားသမ္မတနီကိုလပ်စ် မာဒူရိုကိုလုပ်ကြံရာမှာပါဝင်တယ်လို့ ယူဆရသူ(၆)ဦးကို ဖမ်းမိထားတယ်လို့ ဗင်နီဇွဲလားအာဏာပိုင်တွေကပြောပါတယ်။

ဗင်နီဇွဲလားစစ်တပ်ရဲ့(၈၁)နှစ်မြောက်အခမ်း အနားမှာ သမ္မတမာဒူရိုမိန့်ခွန်းပြောနေတုန်း လုပ်ကြံမှုလို့ယူဆရတဲ့အဲဒီဖြစ်ရပ်ဖြစ်ခဲ့တာပါ။ ဖမ်းမိထားသူတွေက အဲဒီဖြစ်ရပ်ကို ကျူးလွန်ခဲ့သူတွေထဲမှာပါဝင်တယ်လို့ယူဆရတယ်ဆိုပြီး ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီးနက်စတာ ရီဗီရိုလ်ကပြောပါတယ်။ ဒီဖြစ် ရပ်မှာပါဝင်ခဲ့သူတွေဟာ အမြင့်ဆုံးပြစ်ဒဏ်တွေကျခံရဖွယ်ရှိနေတယ်လို့လည်း မာဒူရိုကသတိပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့နောက် ကွယ်မှာ ကိုလံဘီယာနိုင်ငံရှိနေတယ်လို့ ဗင်နီဇွဲလားဘက်ကစွပ်စွဲခဲ့ပေမဲ့ သက်သေမပြနိုင်ခဲ့တာကြောင့် အခြေအမြစ်မရှိတဲ့စွပ်စွဲ ချက်လို့ ကိုလံဘီယာဘက်ကတုံ့ပြန်ထားပါတယ်။ အတိုက်အခံတွေလည်း ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာရှိနေနိုင်တယ်လို့ ဗင်နီဇွဲ လားအစိုးရဘက်ကစွပ်စွဲထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးသမား(၂၀၀)ကျော်ထောင်ဒဏ်ကျခံနေရတယ် လို့ သတင်းတွေမှာဖော်ပြခဲ့ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ၊ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရဲ့ဒီမိုကရေစီစနစ်နဲ့ နိုင်ငံရဲ့အစိုးရအ ဖွဲ့ကို ကာကွယ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနို လိုပက်ဇ်ကပြောပါတယ်။

 

 

Related News