ထိုင်းနိုင်ငံ၊ မယ်လအန်းခရိုင်က ကယ်ဆယ်ရေးစင်တာမှာ မြေပြိုမှုခဲ့တာကြောင့် မြစ်ထဲမျောပြီး သေဆုံးနေတဲ့ ရုပ်အလောင်း(၃) လောင်းကို စက်တင်ဘာလ(၁၉)ရက်မှာတွေ့ခဲ့ပြီး အဲဒီထဲမှာအသက်(၃)နှစ်အရွယ်ကလေးငယ်တစ်ဦးလဲပါဝင်နေတယ်လို့ ဒေသ အာဏာပိုင်တွေကပြောပါတယ်။ မြေပြိုမှုတွေဆက်ဖြစ်နိုင်သေးတာကြောင့် ဒေသခံ(၃)ဦးကိုမယ်ဟောင်ဆောင်ခရိုင်ထဲကိုရွှေ့ ပြောင်းပေးထားပြီး နောက်ထပ်လူ(၅)ဦးပျောက်ဆုံးနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ(၁၇)ရက်တုန်းကလည်း ကယ်ဆယ်ရေးစင်တာမှာမြေပြိုခဲ့ပြီးနောက် အသက်(၂)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးပြီး လူ(၇)ဦးပျောက်ဆုံးခဲ့ကာ ပျောက်ဆုံးသူတွေထဲကအသက်(၅၀)အရွယ်အမျိုးသမီးတစ်ဦးကိုတော့ စက်တင်ဘာလ(၁၈)ရက်မှာပြန်တွေ့ခဲ့ပါတယ်။ လက်ရှိ အချိန်အထိပျောက်ဆုံးနေတဲ့လူ(၅)ဦးကိုတော့ ရှာဖွေရေးအဖွဲ့တွေကဆက်ရှာဖွေနေပြီး အများစုဆယ်ကျော်သက်အရွယ်တွေဖြစ် တယ်လို့သိရပါတယ်။ မြေပြိုမှုကြောင့်လူ(၁၂)ဦးဒဏ်ရာရခဲ့ပြီး ပြန်တည်ဆောက်နေတဲ့အိမ်(၇)လုံးလည်းပျက်စီးခဲ့ပါတယ်။

 

 

Related News