စက်တင်ဘာလ(၂၇)ရက်က ကုလသမဂ္ဂလုံခြုံရေးကောင် စီအဖွဲ့ဝင်နိုင်ငံများ၏၀န်ကြီးများအဆင့်အစည်းအဝေးမှာ မြောက်ကိုရီးယားရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကျင်းပနိုင်မယ်လို့မျှော်လင့်ပေမဲ့ ပိတ်ဆို့မှု တွေနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေရှိခဲ့တယ်လို့ အစည်းအဝေးတက်ရောက်သူတွေကပြောပါတယ်။ အစည်းအဝေးသ ဘာပတိအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး“မိုက်ပွန်ပီယို”ကဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲအတွက်စီစဉ်ဖို့မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး“ရီယွန်ဟို”နဲ့တွေ့ဆုံခဲ့တယ်လို့သူကပြောပါတယ်။မြောက်ကိုရီးယားကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပိတ်ဆို့မှုတွေပြုလုပ်ထားပေမဲ့ ပင်လယ်ထဲမှာ ရေနံနဲ့ဆက်စပ်နေတဲ့ပစ္စည်းတွေကို သင်္ဘောချင်းလွှဲပြောင်းပေးနေတာတွေကိုလည်း ပွန်ပီယိုက ရည်ညွှန်းပြောခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ် ချက်တွေကို အပြည့်အ၀အကောင်အထည်ဖော်ဖို့လည်း ပွန်ပီယိုကတောင်းဆိုခဲ့ပါတယ်။ ကျင်းပဖို့စီစဉ်နေတဲ့ ဒုတိယအကြိမ်အ မေရိကန်-မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကိုထောက်ခံပြီး ပိတ်ဆို့မှုတွေကြောင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးမှာ မြောက်ကိုရီးယားနဲ့တခြားနိုင်ငံတွေကို သက်ရောက်မှုရှိ၊ မရှိလေ့လာဖို့ လိုအပ်တယ်လို့လည်း  တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီ ကပြောပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်တာတွေမရှိတော့တဲ့အတွက် ပိတ်ဆို့မှုတွေလျှော့ချသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး“ဆာဂေးလာရော့ဗ်”ကပြောပါတယ်။ 

 

 

Related News