(၂၀၁၇)ခုနှစ်၊ သြဂုတ်လ(၂၅)ရက်နောက်ပိုင်းမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူသိန်းချီထွက်ပြေး ခဲ့ရပေမဲ့ ထွက် ပြေးရတဲ့အကြောင်းရင်းတွေကို နိုင်ငံတကာက ဂရုမပြုမိဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို (၂၀၁၇)သြဂုတ်လ(၂၄)ရက်မှာထုတ်ပြန်ခဲ့ပြီးနောက် အာဆာအကြမ်းဖက်သမား တွေက နယ်စပ်လုံ ခြုံရေးစခန်းတွေနဲ့ နယ်မြေခံတပ်ရင်းဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့တာကြောင့် လူသိန်းချီဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ပေ မဲ့ နိုင်ငံတကာရဲ့အာရုံစိုက်မှုတွေက အဲဒီအကြောင်းရင်းတွေကို လျစ်လျူရှုပြီး  ထွက်ပြေးခဲ့တဲ့ သူတွေကိုပဲ အာရုံစိုက်နေကြတယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

(တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ကြောက်ရွံ့မှုနဲ့ မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည် တွေ ထွက်ပြေးခဲ့ကြပါတယ်။ နိုင်ငံတကာက ထွက်ပြေးကြတဲ့ဖြစ်ရပ်ကိုသာအာရုံစိုက်နေကြပြီး ထွက်ပြေးကြဖို့ဖြစ်လာစေတဲ့ လက်ရှိနဲ့ ယခင်ကအကြောင်းအရာတွေကိုတော့ လျစ်လျူရှုထားကြပါတယ်)အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာကျင်းပနေတဲ့ (၇၃)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ တက်ရောက်ခဲ့တဲ့ဦးကျော်တင့်ဆွေဟာ စက်တင်ဘာလ(၂၈)ရက်က မိန့်ခွန်းပြောကြားစဉ်မှာ ထည့်သွင်းပြောခဲ့တာပါ။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့အသိုက်အ၀န်း အားလုံးအတွက်လိုအပ်တဲ့ တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် ဆက်ပြီးဖြေရှင်းဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။ ထွက်ပြေးသွားသူတွေကို ပြန်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သဘောတူညီချက် (၃)ခုလက်မှတ်ရေးထိုးထားပြီး အခု(၂၀၁၈)ခုနှစ်၊ ဇန်န၀ါရီလကတည်းက ထွက်ပြေးသွားသူတွေထဲက စိစစ်ထားသူတွေကို ပြန်လက်ခံဖို့ အဆင့်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ (ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံသဘောတူညီချက်တွေမှာပါဝင်တဲ့ကတိက၀တ်တွေအတိုင်း ဆောင်ရွက်ဖို့နဲ့ စိစစ်ပြီးသူတွေ ကို သူတို့ရဲ့စိတ်ဆန္ဒအတိုင်း၊ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ပြန်လာနိုင်စေရေးအတွက် အချိန်မဆွဲဘဲ ခွင့်ပြုဖို့ တိုက်တွန်းလို ပါတယ်။)

ဦးကျော်တင့်ဆွေရဲ့မိန့်ခွန်းမှာ ရခိုင်ပြည်နယ်အရေးသာမက (NCA)လက်မှတ်မရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင် တွေ ပါ(NCA)မှာလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ရာစုပင်လုံ)မှာပါဝင်ဆွေးနွေးနိုင်ရေး မြန်မာအစိုးရက ကြိုးပမ်းသွားမယ်ဆိုတာနဲ့ (၂၀၁၈)ခုနှစ်၊ သြဂုတ်လ(၂၇)ရက်မှာထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီရဲ့အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို စိုးရိမ်ကြောင်းလည်းပါဝင်ခဲ့ပါတယ်။

 

 

Related News