အီရန်နိုင်ငံ မြို့တော် တီဟီရန်အနောက်ပိုင်းမှာ ဇန်န၀ါရီလ(၁၄)ရက်က ရာသီဥတုဆိုးရွားခဲ့တာကြောင့် အီရန်စစ်ဘက်ကုန်တင် လေယာဉ်ပျက်ကျခဲ့ပြီး အနည်းဆုံးလူ(၁၅)ဦးသေဆုံးခဲ့တယ်လို့ အီရန်စစ်တပ်ကပြောပါတယ်။ အဲဒီကုန်တင်လေယာဉ်ပေါ်မှာ စုစု ပေါင်းလူ(၁၆)ဦးလိုက်ပါခဲ့ပေမဲ့ လေယာဉ်အင်ဂျင်နီယာ(၁)ဦးပဲအသက်ရှင်ခဲ့သလို လက်ရှိမှာ ဆေးရုံကိုပို့ပေးထားတယ်လို့လည်း အီရန်စစ်တပ်ကပြောပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့နေရာဟာ ဖတ်ဒ်လေဆိပ်နဲ့ ခရက်ခ်ျမြို့တို့အနီးမှာဖြစ်ပါတယ်။ ကုန်တင် လေယာဉ်ဟာ ကာဂျစ္စတန်နိုင်ငံ မြို့တော် ဘီရှ်ကတ်ကနေ အသားတွေကိုတင်ဆောင်လာတာဖြစ်ပြီး ရာသီဥတုဆိုးရွားတာ ကြောင့် ဇန်န၀ါရီ(၁၄)ရက်မှာ ဖတ်ဒ်လေဆိပ်ကိုအရေးပေါ်ဆင်းသက်ခဲ့ပေမဲ့ အခုလိုပျက်ကျခဲ့တာလို့ အီရန်စစ်တပ်ကပြောပါ တယ်။ လေယာဉ်ပြေးလမ်းအဆုံးက နံရံတွေကို ကုန်တင်လေယာဉ်အရေးပေါ်ဆင်းသက်နေစဉ်အတွင်းမှာ တိုက်မိခဲ့ပြီးနောက် မီးစွဲလောင်ခဲ့တာလို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေပို့ပေးထားပြီး လေယာဉ်ပျက်ကျခဲ့တဲ့နေ ရာမှာ မီးခိုးတွေထွက်နေတာနဲ့ လေယာဉ်အပျက်အစီးတွေကိုမီးလောင်နေတာ စတဲ့ပုံရိပ်တွေကိုအီရန်နိုင်ငံပိုင်ရုပ်သံမှာဖော်ပြ ထားပါတယ်။

 

 

Related News