ဂရိရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မက်ဆီဒိုးနီးယားနိုင်ငံကို အမည်ပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဂရိနိုင်ငံ မြို့တော် အေသင်မှာ ဆန္ဒ ပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ကြီးမားတဲ့အဓိကရုဏ်းဖြစ်နေပါတယ်။ ဆန္ဒပြသူသောင်းချီကို လူစုခွဲဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး တွေအသုံးပြုခဲ့ပါတယ်။ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံလို့ ခေါ်ရာကနေ မြောက်မက်ဆီဒိုးနီးယားသမ္မတနိုင်ငံ ဆိုပြီးအမည် ပြောင်း ဖို့ ဂရိလွှတ်တော်ကအတည်ပြုခဲ့တာကြောင့် အခုလိုအဓိကရုဏ်းတွေဖြစ်နေတာပါ။ ဂရိနိုင်ငံသားတွေအတွက် မက်ဆီဒိုးနီးယား အမည်က အထိအခိုက်မခံသလို ဂရိနိုင်ငံထဲမှာ မက်ဆီဒိုးနီးယားအမည်ရှိတဲ့ ပြည်နယ် တစ်ခုရှိတယ်လို့ ဂရိတွေကပြောပါတယ်။ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ ဇွန်လမှာ နှစ်ပေါင်းများစွာကြာအောင် ငြင်းခုံခဲ့ရတဲ့ နာမည်ပြောင်းမယ့်ကိစ္စအတွက် ဂရိဝန်ကြီးချုပ် အဲလိဇစ် စီပရားစ်နဲ့ မက်ဆီဒိုးနီးယားဝန်ကြီးချုပ်တို့ကြား သဘောတူညီမှုရခဲ့ပါတယ်။

(၂)နိုင်ငံကြားမှာ (၂၈)နှစ်လောက်ကြာအောင် ဖြစ်ပွားခဲ့တဲ့ရန်ပွဲတွေကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့(၁)ပတ်က ဂရိလွှတ်တော်မှာ မက်ဆီဒိုးနီးယားနိုင်ငံအမည် ပြောင်းရေး မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ (၂၀၁၉)ခုနှစ် နှစ်စပိုင်းမှာ မက်ဆီဒိုးနီးယားသမ္မတနိုင်ငံကနေ မြောက်မက်ဆီဒိုးနီးယား သမ္မတနိုင်ငံအဖြစ် အမည်ပြောင်းဖို့ မက်ဆီဒိုးနီးယားဘက်ကအတည်ပြုခဲ့ပါတယ်။ စီပရားစ်ရဲ့အငယ်တန်းညွန့်ပေါင်း မိတ် ဖက် က ထောက်ပံ့မှုတွေရုပ်သိမ်းခဲ့ပြီးနောက် ပြီးခဲ့တဲ့(၁)ပတ်မှာအယုံအကြည်မရှိအဆိုအတွက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲအ နည်းငယ်အသာနဲ့ စီပရားစ်အနိုင်ရခဲ့ပါတယ်။

 

 

Related News