နိုင်ငံခြားကနေ ဗင်နီဇွဲလားကို အကူအညီတွေဝင်နေတဲ့ဘရာဇီး-ဗင်နီဇွဲလားနယ်စပ်ကို ပိတ်သိမ်းတော့မယ်လို့ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ကြေ ညာခဲ့ပါတယ်။နိုင်ငံခြားကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက် အတိုက်အခံတွေနဲ့ အဖုအထစ်တွေရှိနေချိန်မှာ ဘ ရာဇီး-ဗင်နီဇွဲလားနယ်စပ်ပိတ်သိမ်းမယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက ဖေဖော်ဝါရီ(၂၁)ရက်မှာကြေညာခဲ့ပါတယ်။ အတိုက်အခံတွေက ကယ်ဆယ်ရေးပစ္စည်းတွေလက်ခံနေတဲ့ကိုလံဘီယာနယ်စပ်ကိုလည်း ပိတ်ဖို့ စဉ်းစားနေတယ်လို့ အတိုက်အ ခံတွေနဲ့ရော၊ နိုင်ငံတကာနဲ့ရောရင်ဆိုင်နေရတဲ့ လက်ဝဲယိမ်းခေါင်းဆောင်မာဒူရိုက ရုပ်သံမိန့်ခွန်းမှာပြောပါတယ်။ ဗင်နီဇွဲလားမှာ အကြပ်အတည်းဖြစ်နေတယ်ဆိုတာကိုလည်း ငြင်းခဲ့ပြီး အကူအညီဖြန့်ဝေရေးအစီအစဉ်က အမေရိကန်ဦးဆောင်တဲ့ပြဇာတ်ကြီး လို့ သတ်မှတ်နေပါတယ်။ 

အစောင့်အရှောက်တွေပါတဲ့ယာဉ်တန်းနဲ့ ဗင်နီဇွဲလားမြို့တော် ကရာကတ်စ်ကနေ ကိုလံဘီ ယာနယ် စပ်ကို အတိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုက်ဒိုကသွားနေပါတယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီက အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ကြားဖြတ် သမ္မတအဖြစ် ဂွိုက်ဒိုကသူ့ကိုယ်သူကြေညာခဲ့ပြီး အဲဒီကြေညာချက်ကို အမေရိကန်အပါအ၀င်နိုင်ငံ ဒါဇင်ချီကအသိအမှတ်ပြုခဲ့ပါ တယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအားလုံးကို ငြင်းဆိုထားပေမဲ့ တန်(၃၀၀)ရှိတဲ့ အကူအညီတွေကို မဟာ မိတ်ရုရှားက ဗင်နီဇွဲလားဆီပို့ပေးခဲ့တယ်လို့ မာဒူရိုက အခုတစ်ပတ်မှာကြေညာခဲ့ပါတယ်။

 

 

Related News