တရုတ်-ကမ္ဘောဒီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် တရုတ်စစ်သားတွေဟာ ကမ္ဘောဒီးယားနိုင်ငံကိုထွက်ခွာခဲ့ပြီး သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ပိုင်းက ကမ်ပေါ့မြို့မှာပြုလုပ်မှာဖြစ်ပါတယ်။ ပူးပေါင်းစစ်ရေးလေ့ ကျင့်မှုကိုတော့ Dragon Gold-2019လို့အမည်ပေးပေးထားပြီး တရုတ်စစ်သား(၂၅၂)ဦးပါဝင်မှာပါ။ ဒီစစ်ရေးလေ့ကျင့်မှုအတွက် တရုတ်ပြည်သူ့လွတ်မြောက်တပ်(PLA)ရဲ့ အဖွဲ့(၇၄)ဖွဲ့ကနေ စစ်သားတွေရွေးချယ်ပို့ပေးခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အထူးတပ်ဖွဲ့၊ လေကြောင်း တပ်ဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့၊ အမြောက်တပ်နဲ့ အင်ဂျင်နီယာတွေအပြင် ခြေလျင်တိုက်ခိုက်ရေးယာဉ်နဲ့ ရဟတ်ယာဉ် တွေလို ကြီးမားတဲ့ပစ္စည်း ကိရိယာ တွေလည်း ပါဝင်ပါတယ်။

ဒီပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် သူတို့အနေနဲ့ ကောင်းမွန်စွာ ပြင်ဆင်ထားတယ်လို့ အကြမ်းဖက်မှု ဆန့်ကျင်ရေး လေကြောင်းအထူးတပ်ဖွဲ့ဗိုလ်ကြီး ဟိုကျိုးဝူကပြောပါတယ်။ တရုတ်နဲ့ကမ္ဘောဒီးယားတို့ကြားက ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစွမ်းရည်တွေတိုးမြှင့်ဖို့ ရည်ရွယ်ပြီး အခုလိုပူး ပေါင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News