ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့ကကျောင်းတစ်ခုမှာမတ်လ(၁၃)ရက်ကမျက်နှာဖုံးစွပ်ထားတဲ့ကျောင်းသားဟောင်း(၂)ဦးဟာသေစေ နိုင်တဲ့လက်နက်အမျိုးမျိုးကိုသယ်လာပြီး ကျောင်းထဲဝင်တိုက်ခိုက်ခဲ့လို့ ကျောင်းသား(၈)ဦးသေဆုံးပြီးနောက်ထပ်လူ (၁၇)ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ကျောင်းထဲဝင်မတိုက်ခိုက်ခင်မှာ ကျောင်းနားကတစ်ပတ်ရစ်ကားအရောင်းဆိုင်ပိုင်ရှင်ကိုအဲဒီ ကျောင်းသား ဟောင်းနှစ်ဦးကပစ်သတ်ပြီးကားတစ်စီးခိုးယူခဲ့တာပါ။ အဲဒီကျောင်းသားနှစ်ဦးကသေနတ်တွေ၊ ဓားတွေ၊ ပုဆိန်တွေနဲ့ ဒူးလေးတစ်ခုကို အသုံးပြုပြီး ကျောင်းထဲဝင်တိုက်ခိုက်ခဲ့တာလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ကျောင်းမုန့်စားဆင်းချိန် အားကစားရုံတစ်ခုမှာ ကျောင်းသားတွေ မုန့်စားနေတုန်း အခုလိုဝင်ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီးတိုက်ခိုက်မှုပြီးချိန်မှာအဲဒီကျောင်းသားနှစ်ဦးက သူတို့ကိုယ်သူတို့ သတ်သေခဲ့ပါတယ်။ ဘာကြောင့်အခုလိုတိုက်ခိုက်ခဲ့ရသလဲဆိုတာကိုတော့ စုံစမ်းနေဆဲပါ။ ဘရာဇီးနိုင်ငံဟာကမ္ဘာပေါ်ကလူသတ်မှု ကျူးလွန်တဲ့ နှုန်းအများဆုံး နိုင်ငံတွေထဲကတစ်ခုဖြစ်ပေမဲ့ ကျောင်းတွေမှာတိုက်ခိုက်တဲ့ဖြစ်ရပ်မျိုးကတော့ ဖြစ်ခဲပါတယ်။

 

 

Related News