Dragon Gold-2019 ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှုအနေနဲ့ တရုတ်-ကမ္ဘောဒီးယားပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ကမ္ဘောဒီးယားနိုင်ငံအနောက်တောင်ပိုင်းက ကမ်ပေါ့မြို့မှာပြုလုပ်ခဲ့ပါတယ်။စစ်ရေးအရ နှစ်နိုင်ငံကြားအပြန်အလှန်နားလည်မှုနဲ့ တိုက်ခိုက်ရေးညှိနှိုင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် အကြမ်းဖက်မှုတိုက် ဖျက်ရေးအကြောင်းအရာ(၂၀)ကို အခြေခံပြီး တရုတ်နဲ့ ကမ္ဘောဒီးယားစစ်သားတွေ မကြာသေးခင်ကစစ်ရေးလေ့ကျင့်မှုပြုလုပ် ခဲ့ပါတယ်။ အခုလေ့ကျင့်မှုက Dragon Gold-2019လို့အမည်ပေးထားပြီး (၁၈)ရက်ကြာမယ့်တရုတ်-ကမ္ဘောဒီးယားစစ်ရေးလေ့ ကျင့်မှုရဲ့အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

နှစ်ဖက်စလုံးကတပ်ဖွဲ့ဝင်တွေကို အဖွဲ့ငယ်တွေခွဲဖွဲ့ပြီး မြေပြင်အနေအထားအ မျိုးမျိုးမှာ မြေပြင်ပေါ်ဆက်တိုက်ဆင်းသက်တဲ့ လေကြောင်းပျံသန်းမှုလေ့ကျင့်တာကတော့ အခက်ခဲဆုံးဖြစ်ပါတယ်။ မြေပြင်ပေါ် ဆင်းသက်ချိန်မှာ တိုက်ခိုက်ရေးအဖွဲ့တွေအမြန်ပြန်စုစည်းဖို့ဘယ်လိုနားလည်မှုထားမလဲဆိုတာက နှစ်ဖက်ဆက်သွယ်ရေးရဲ့အဓိ ကအာရုံစိုက်ခဲ့တဲ့အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ တန်ဖိုးရှိတဲ့အတွေ့အကြုံတွေကို နှစ်ဖက်စလုံးကဖလှယ် နိုင်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးစွမ်းရည်တွေကိုလည်းမြှင့်တင်နိုင်ခဲ့သလို ဒါကစစ်ရေးလေ့ကျင့်မှုရဲ့အဓိကရည်ရွယ်ချက် လည်းဖြစ်တယ်လို့ စစ်သားတစ်ဦးကပြောပါတယ်။ Dragon Gold-2019လေ့ကျင့်မှုက မတ်လ(၂၅)ရက်မှာပြီး ဆုံးမှာပါ။

 

 

Related News